Saturday, April 3, 2010

“ကမ္ဘာမြီ နန့်  သဘာဝပတ်ဝန်းကျင်”

(ဤစာတမ်းကို ဧပြီလ ၂၂ ရက်နိတွင် ကျရောက်သော ကမ္ဘာမြီနိ-Earth Day အထိမ်းအမှတ်အဖြိုက် ရီးသားသည်။)
ကမ္ဘာမြီ -
ကမ္ဘာမြီတွင်နီထိုင်သော အကျွန်ရို့ သည် ကမ္ဘာမြီအကြောင်းကို သိဟိထားရန် အထူးလိုအပ်သည်။ အကျွန်ရို့ နီ ထိုင်သော ကမ္ဘာသည် လူသားနန့် သက်ဟိသက်မဲ့များအတွက် အထူးအားထားရသော ဂြိုဟ်တခုလည်း ဖြိုက် သည်။ လူတို့ ၏ နိစိုင်ဘ၀ကို ကမ္ဘာကြီးမှ ဖြည့်ဆည်း ပီးနီသည်ကို လူသားတိုင်းသိသည်။ သို့ ရာတွင် ကမ္ဘာ့ကြီး အကြောင်းကိုဒေါ့ အမှန်အားဖြင့် မသိဂတ်သူ များသည်။ သို့  ဖြိုက်၍ အကျွန်သိသလောက် ရီးသားဖေါ်ပြပါမည်။

ကမ္ဘာမြီသည် နှစ်သန်းပေါင်း ၄ ၆၀၀ ( ၄ ၆၀၀ ၀၀၀ ၀၀၀ ) ကြာမြင့်ခဗြီ ဖြိုက်ကြောင်း သိပံ္ပပညာရှင်များက ဆို သည်။ အကျွန်ရို့ ကမ္ဘာ့ ဧရိယာမျက်နှာပြင်သည် စတုရန်းမိုင်ပေါင်း ၁၉၆ ၉၅၀ ၇၇၁ ဟိသည်။ ယင်းအထဲမှ မြီပြင် ဧရိယာသည် ၅၇ ၅၀၀ ၀၀၀ စတုရန်းမိုင် ဟိသည်။ ရီပြင်ဧရိယာသည် ၁၃၉ ၄၀၀ ၀၀၀ စတုရန်းမိုင် ဟိသည်။ ရာခိုင်နှုန်းအားဖြင့် မြီပြင်သည် ၃၀% ဖြိုက်ပြီး ရီပြင်သည် ၇၀ % ဟိသည်။ ကမ္ဘာကို လေးပုံ ပုံလိုက်လျှင် ၃ ပုံ သည် ရီပြင် ဖြိုက်နီဗြီး ၁ ပုံသည်သာ မြီပြင်ဧရိယာ ဖြိုက်သည်။ ယင်းမြီဧရိယာတွင် ထ၀က်သည် လူနီ၍မရသော သဲကန္တရ၊ သစ်တော၊ တောင်တန်းနန့်  ချိုင့်ဝှမ်းများ ဖြိုက်နီကာ ကျန်ထ၀က်တွင်လည်း ၄ ပုံ ၃ ပုံသည် လူနီ၍ရဗြီး စိုက်ပျိုး၍ မရသော မြီ ဖြိုက်နီသည်။ သက်ရှိလူသားများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုး၍ရသော မြီ မှာ အနည်းငယ်မျှသာ ဟိသည်။ ရီပြင်ဧရိယာတွင်လည်း ၉၇ % သည် ကမ္ဘာကို ဆားငန်ရီက လွှမ်းမိုးထားဗြီး ၃% သာ ရီချို ဖြိုက်သည်။ သို့ ရာတွင် လူသားရို့ ကို ၃%က အကျိုးမပြုပါ။ ထိုရီချို ၃% တွင်လည်း ၂%သည် ရီခဲ များ၊ ရီခဲတောင်များနန့်  ရီခဲမြစ်များ ဖြိုက်လို့ နီသည်။ ကျန်သော ၁% သာ လူသားနန့် သက်ဟိများ အသက်ရှင် ရေးအတွက် အကျိုးပြုနီသည်။ သို့ ရာတွင် ယင်းရီ ၁% သည် မြီအောက်ရီ၊ ကန်ရီ၊ တွင်းရီ၊ မြစ်ရီ၊ စမ်းချောင်းရီ များအဖြိုက် တည်ဟိနီရာ ၄င်းရီချိုထဲမှ ၄၂% ကို စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးချလျှက် ဟိသည်။ ၃၉% ကို လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေး၌ သုံးစွဲနီသည်။ ၁၁% ကို နီအိမ်၊ ရုံးများနန့်  ဟိုတယ် တည်းခိုခန်းများ၌ သုံးစွဲ သည်။ ကျန် ၈% ကိုဒေါ့ စက်ရုံ အလုပ်ရုံများနန့်  မိုင်းရှာဖွီရေးလုပ်ငန်းများ၌ သုံးစွဲကြောင်း သိဟိရသည်။

ကမ္ဘာမြီ၏အကြောင်းကို အနည်းငယ်ပြောပြရလျှင် -
-ကမ္ဘာမြီ၏ ၀င်ရိုးစွန်း အကွာအ၀ီးသည် ၂၄ ၈၅၇ မိုင် ဟိသည်။
- ကမ္ဘာမြီ၏ အီကွေတာ အကွာအ၀ီးသည် ၂၄ ၉၀၀ မိုင် ဟိသည်။
- ကမ္ဘာမြီ၏ အလယ်ဗဟို အကွာအ၀ီးသည် ပျမ်းမျှအားဖြင့် ၃ ၉၅၈ မိုင် ဟိသည်။
(Distance to the centre of the Earth (average – 3,958 miles)
- ကမ္ဘာမှ နီသို့  ပျမ်းမျှအကွာအ၀ီးသည် ၉၂ ၉၆၀ ၀၀၀ မိုင် ဟိသည်။
- ကမ္ဘာမှ လသို့  ပျမ်းမျှ အကွာအ၀ီးသည် ၂၄၀ ၀၀၀ မိုင် ဟိသည်။
- ကမ္ဘာမြီ၏ အခွံ (Crust) ထုသည် ပျမ်းမျှအားဖြင့် မိုင် ၂၀ ဟိသည်။
- ကမ္ဘာမြီ၏ထုထည် (Volume of the Earth) သည် ၁ ၀၈၃ ၁၅၇ ၉၀၀ ၀၀၀ km3 ဟိသည်။
- ကမ္ဘာမြီထု (Mass of the Earth) တခုလုံးသည် ၆ ၅၈၈ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ တန်ချိန် ဟိသည်။
- ကမ္ဘာ့အကြီးဆုံး သဲကန္တရသည် ဆာဟာရသဲကန္တရဖြိုက်ဗြီး မြောက်အာဖရိကတွင် တည်ဟိကာ ၃ ၄၀၀ ၀၀၀
စတုရန်းမိုင် ကျယ်ဝန်းသည်။
- ဂရိမ်းလန်း (Green Land) သည် ကမ္ဘာ့အကြီးဆုံးကျွန်းဖြိုက်ဗြီး ၈၄၀ ၀၀၀ စတုရန်းမိုင် ကျယ်ဝန်းသည်။
- ပစ္စိဖိတ်သမုဒ္ဒရာသည် ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာဖြိုက်ဗြီး ၆၄၂ ၀၀၀ ၀၀၀ စတုရန်းမိုင် ကျယ်ဝန်းသည်။
- ရီစီအူ ဂျိမ်း ဘားနတ် (Reseau Jean Bernard Cave) လှိုဏ်ဂူသည် ကမ္ဘာအနက်ရှိုင်းဆုံးလှိုဏ်ဂူဖြိုက်ဗြီး
ပြင်သစ်နိုင်ဂံတွင် တည်ဟိသည်။ အနက်ပေ ၅ ၂ ၅၆ ပေ ဟိသည်။

- ကမ္ဘာ့မြီထဲသို့ အနက်ရှိုင်းဆုံးတူးဖေါက်ထားသော တွင်းခေါင်း (Deepest hole drilled into the Earth) ကို
ရုရှားနိုင်ဂံ ဇာပိုလ်ယာနီ (Zapolyernny, Russia) တွင် တွိ့ ရဗြီး ပေပေါင်း ၄၇, ၅၀၀ နက်သည်။
- ကမ္ဘာ့အနက်ဆုံး ရီကန်သည်လည်း ရုရှားနိုင်ဂံ အရှိပိုင်းဟိ လိုက်ခ်ဘေကေလ် (Lake Baykal) ဖြိုက်သည်။
၅, ၃၁၅ ပေ နက်သည်။
- ကမ္ဘာ့အနက်ဆုံး မိုင်းတွင်းသည် တောင်အာဖရိကဟိ ကာလီတွန်ဗီးလီ(Carleton Ville) တွင် ဟိသည်။
၎င်းမိုင်းတွင်းသည် ၂ ဒဿမ ၃ မိုင် နက်သည်။
- ကမ္ဘာ့အနက်ဆုံးချောက်ကြီးမှာ မာရီယာနာ (Marianas) ချောက်ဖြိုက်ဗြီး အနောက်ပစ္စိဖိတ်သမုဒ္ဒရာတွင်
ဟိသည်။ ပေပေါင်း ၃၆, ၂၀၀ နက်သည်။
- ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် သို့ မဟုတ် အမြင့်ဆုံးပင်လယ်ရီမျက်နှာပြင်နီရာသည် ဧ၀ရတ်တောင် (Mount
Everest ) ဖြိုက်သည်။ ဟိံမ၀န္တာတောင်တန်း တိဗက်ကုန်းပြင်မြင့်၊ နီပေါနိုင်ဂံတွင် ဟိဗြီး ၂၉, ၀၂၂ ပေမြင့်
သည်။ အထက်ကပြောခသော ဧ၀ရတ်တောင်ကို ပိုင်းဖြတ်ကာ မာရီယာနာချောက်တွင်လားစွပ်ပါက
မာရီယာနာချောက်သည် ၇, ၁၇၈ ပေ ပိုမြင့်နီပါအုံ့ မည် ဖြိုက်သည်။
- ကမ္ဘာ့အမြင့်ဆုံး တံရွှင် (ရီတံခွန်)သည် အန်ဂျဲလ်ဖောလ် (Angel Falls) ဖြိုက်ဗြီး တောင်အမေရိက
ဗင်နီဇွဲလားနိုင်ဂံတွင် ဟိသည်။ ၃, ၂၁၂ ပေ မြင့်သည်။
- ကမ္ဘာ့အရှည်လျားဆုံး ရီခဲမြစ်သည် အန္တာတိကတွင် တည်ဟိသော လန်ဘတ်-ဖစ်ရှာ (Lambert-fisher Ice
Passage) ဖြိုက်သည်။ ၂၀၀ စတုရန်းမိုင် ရှည်သည်။
- ကမ္ဘာ့အရှည်လျားဆုံးမြစ်မှာ နိုင်းလ်မြစ် (Nile) ဖြိုက်ဗြီး အာဖရိက အရှိမြောက်ဖက်ပိုင်း ဒေသတွင်တည်ဟိ
သည်။ ၄, ၁၆၀ မိုင်ရှည်လျားသည်။
- ကမ္ဘာမြီ၏ ပင်လယ်ရီမျက်နှာပြင် အနိမ့်ဆုံးနီရာဒေသသည် အာရှတိုက် အလယ်ပိုင်းဟိ (Middle East)
ပင်လယ်သီ (Dead Sea) ဖြိုက်သည်။ ၁, ၂၉၉ ပေ ဟိသည်။

သဘာဝပတ်ဝန်းကျင် -
သဘာဝပတ်ဝန်းကျင် (Environment) ဟု ဆိုလိုက်သည်နန့်  မြီ၊ ပင်လယ်၊ လီ၊ ရာသီဥတု၊ အပင်များ၊ သားငါး များနန့်  တိ ရစ္ဆာန်များသည် လူသားရို့ နန့် အတူ ဆက်စပ်နီကြောင်း သိမြင်နိုင်သည်။ ၄င်းရို့ အားလုံးကိုပင် ရုပ် နန့် ဆိုင်သော သဘာဝပတ်ဝန်းကျင် (Physical Environment) ဟုခေါ်သည်။ သစ်ပင်များ၊ ငါးများ၊ တိရစ္ဆာန်များ၊ ရာသီဥတု (နွီမိုးဆောင်း) ရို့ သည် နဂိုမူလ သဘာဝပတ်ဝန်းကျင် (the Natural Environment) ဖြိုက်သည်။ လူရို့ ဖန်တီးတည်ဆောက်ထားသော တိုက်တာ အဆောက်အအုံ၊ သင်္ဘော၊ ကား၊ တီဗွီ၊ ကွန်ပျူတာ … ရို့ သည် လူလုပ် သဘာဝပတ်ဝန်းကျင် (the Man-made Environment) ဖြိုက်သည်။ ယင်းနောက် အကျွန်ရို့ ၏ ပညာ ဗဟုသုတ၊ ယုံကြည်မှုများ၊ ယိုင်ကျေးမှုများသည် ယိုင်ကျေးမှု သဘာဝပတ်ဝန်းကျင် (the Cultural Environ- ment) ဖြိုက်သည်။ ထို့ နောက် မတူကွဲပြားခြားနားသော နိုင်ဂံများအချင်းချင်း ဖြိုက်စီ၊ အဖွဲ့ လိုက်ဖြိုက်စီ၊ စည်းရုံး လှုံ့ ဆော်ခြင်းများကို လူမှုရေး သဘာဝပတ်ဝန်းကျင် (the Social Environment) ဟုခေါ်သည်။ ကမ္ဘာတွင် နိုင်ဂံအ ချင်းချင်း စစ်ရေးအရ နိုင်ဂံရေးအရ ကူးလူးဆက်ဆံခြင်းကို နိုင်ဂံရေး သဘာဝပတ်ဝန်းကျင် (the Political Environment) ဟု ခေါ်သည်။ ကြီးပွားတိုးတက်ရေး (ဓနသဟာယ)အတွက် တဦးနန့ တဦး တဖွဲ့ နန့်  တဖွဲ့ ၊ တနိုင်ဂံနန့် တနိုင်ဂံ ကုန်သွယ်ရောင်းဝယ်ခြင်းကို စီးပွားရေး သဘာဝပတ်ဝန်းကျင် (the Economic Environment) ဟု ခေါ်သည်။ ထို့ ကြောင့် အထက်ကဆိုခသော သဘာဝပတ်ဝန်းကျင်များသည် တခုနန့် တခု ကွန်ယင်တခုပိုင် ဆက်စပ်နီသည်။ ထိုအကျွန်ရို့  ကမ္ဘာမြီသည် သဘာဝပတ်ဝန်းကျင်ကို မှီခိုဗြီး ရပ်တည်နီရာ ကမ္ဘာမြီ ရည်ရှည်တည်တံ့ရေးအတွက် အထူးဂရုပြု စောင့်ရှောက်ရမည် ဖြိုက်သည်။ အကျွန်ရို့ သည် သဘာဝ ပတ်ဝန်းကျင်ကို မပျက်စီးအောင် ကြိုးစားရမည်ဖြိုက်သည်။ ဇာကြောင့်လေ့ဆိုပါလျှင် အကျွန်ရို့ သည် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်စီးပါက အကျွန်ရို့ သည် ကမ္ဘာမြီ၏ အရာရာကို ဖျက်စီးသည်နန့် တူပါလိမ့်မည်။ အကျွန်ရို့  အသက်ရှင် ရပ်တည်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို အမြဲမှီခိုနီဂတ်ရသောကြောင့် ထိန်းသိမ်းစောင့်ရှောက် ဖို့ တာဝန် သည် လူသားတိုင်း၏ တာဝန်ပင် ဖြိုက်သည်။

ကမ္ဘာ့နိုင်ဂံများစွာမှ ခေါင်းဆောင်များသည် အတိက်ဖြိုက်ရပ်များကို သင်ခန်းစာယူဗြီး ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းစောင့်ရှောက်ရန် ညီလာခံကွန်ဖရင့်များကျင်းပကာ ကြိုးပမ်းလျှက် ဟိနီဂတ်သည်။

ကမ္ဘာမြီကို မိမိတတ်စွမ်းသလောက် ထိန်းသိမ်းစောင့်ရှောက်နိုင်ဂတ်ပါဇီ … … ။

Saturday, January 23, 2010

ရာသီဥတုပြောင်းလဲလာခြင်းကို ကာကွယ်ရန် သစ်ပင် စိုက်ဂတ်ဖို့  ...



အကျွန်ရို့ သည် နှစ်စိုင်နှစ်တိုင်း ရာသီဥတု ပူနွေးလာခြင်းကို ရင်ဆိုင်လာနီရသည်။ ဇာကြောင့်နည်း။
သိဟိမ့်ရန်လိုအပ်သည်။ အခြားအကြောင်းကား မဟုတ်ပါ။ လူဦးရေ များပြားလာခြင်းကြောင့် သဘာဝသယံဇာတများကို
ပိုမိုသုံးစွဲလာခြင်းကြောင့် ဖြစ်သည်။ အဂုရာစုနှစ်များအတွင်းတွင် Climate Change ဟုဆိုသော ရာသီဥတုပြောင်းလဲလာမှု
စကားလုံးသည် အထူးရီပန်းစားလာပြီး အထူးအလီးထားဂရုစိုက်ရမည့် စကားလုံးဖြစ်လာသည်။
အကျွန်ရို့  ရခိုင်ပြည်သူများသည် ဘိုးစိုင်ဘောင်ဆက် သဘာဝကရသော ထင်းမီးကိုသာ အသုံးပြုလာသည်မှာ
နှစ်ပေါင်းထောင်ချီနီပြီ ဖြစ်သည်။ အကျွန်ရို့ ပြည်တွင် ရီနံထွက်သည်။ ၄င်းပြင် အဂု ၂၁-ရာစုအစပိုင်းတွင်
ဘင်္ဂလားပင်လယ်အော်၌ ဂတ်စ်ဟုခေါ်သော သဘာဝဓါတ်ငွေ့ လောင်စာလည်း ထွက်ဟိမ့်နီပြီဖြစ်သည်။
သို့ ရာတွင် ရခိုင်ပြည်သူရို့ သုံးစွဲခွင့်ကား မရ။ ရခိုင်ပြည်သူအများစုက သိသည်မှာ “ဂတ်စ်” ဆိုလျှင်
တရုတ်ပြည်မှ ထုတ်လုပ်သော ဂတ်စ်မီးစွဲလောက်ကိုသာ သိဂတ်သည်။ မခက်ပါလော။ (တိုင်းရင်းသား ညီငယ်တဦးက
ဆိုလျှင် ရခိုင်ပြည်တွင် ဂတ်စ်ထွက်နီသောကြောင့် ရခိုင်တပြည်လုံး မီးလင်းနီသည်ဟု ထင်သည်။
ထင်မည်ဆိုလျှင်လည်း ထင်ချင်စရာပင်ဖြစ်သည်။ ယင်းသို့  မီးခြင်းကို ခံရသောအခါ စိတ်ထဲ၌ အခံရခက်သည်။
ဂတ်စ်နှင့် ပီးသော မီးမဟုတ်ဘဲ ရီနံနှင့် ပီးသော လျှပ်စစ်မီး ၂ နာရီခန့် သာရကြောင့်ဒေါ့ ပြောဖြစ်သည်။)
ထို့ ကြောင့် ရခိုင်ပြည်သူများသည်ထင်းမီးကိုသာ ဂနိထက်တိုင် သုံးစွဲနီရသည်။
ထင်းအစား အခြားလောင်စာသုံးစွဲရန် အိမ်မက်ဟိမ်လျှက် အိမ်မက်လည်း ပျောက်နီသည်။
ယင်းသို့  ထင်းကိုသာ သုံးစွဲနီရခြင်းကြောင့် ရခိုင်ပြည်တွင် ထင်းသုံးစွဲမှုသည် တနှစ်ထက်တနှစ်
များပြားလာကာ လှပစိမ်းစိုသော သစ်တောများသည်လည်း တနှစ်ထက် တနှစ် ပြုန်းတီးလာသည်ကို တွိ့ နီရသည်။
သစ်တောများပြုန်းတီးလာခြင်းကြောင့် ရာသီဥတုသည် တနှစ်ထက်တနှစ် ဖေါက်ပြန်လာသည်ကို တွိ့ နီရသည်။
သစ်တောများပြုန်းတီးလာရခြင်း၏ နောက်အကြောင်းအရင်းတချက်သည် သစ်ထုတ်လုပ်ရောင်းချချြင်းကြောင့်လည်း
ဖြစ်သည်။ သစ်ထုတ်လုပ်ရောင်းချရာ၌ တရားဝင်၊ တရားဝင်မှောင်ခို (ရောင်းချခွင့်ရသည်ထက် ပိုမိုလျှို့ ဝှက် ခိုးထုတ်
ရောင်းချခြင်း။)နှင့် တရားမ၀င်မှောင်ခိုရောင်းချခြင်းများက သစ်တောပြုန်းတီးလာခြင်း၏ အဓိက အကြောင်းအရင်းများ
ဖြစ်သည်။


၎င်းပြင် တောတောင်များ၌ ပေါက်ရောက်သော သစ်များပြုန်းတီးလာသည်သာမက ပင်လယ်ကမ်းစပ်တလျှောက်နှင့် ဖြားရီရောက်သော
မြစ်ချောင်းများတလျှောက်တွင် ပေါက်ရောက်သော သဘာဝသစ်ပင်များဖြစ်သော လမုလမဲ့၊ ပြာပင်၊ ပြူးပင်၊ ပြားဇီးပင်နှင့် အခြားသော
ဆလိမ်ပင်၊ ဂျကန်းပင်များသည်လည်း လုံးဝပျက်စီးပြုန်းတီးလာသည်ကို တွိ့ မြင်နီရသည်။ အကျွန်ရို့ ရခိုင်ပြည်တွင် ဟိမ့်သော
ကုလားတန်၊ မယူ၊ လေးမြို့ နှင့် အခြားသော မြစ်များတလျှောက်တွင် ၄င်းဖြားရောက်တောများ(ပြားတောများ) ပြုန်းတီးပိုမိုပြုန်းတီး
လာသည်ကို ၁၉၈၈ ခုနှစ်နောက်ပိုင်း နှစ်များတွင် သိသိသာသာ တွိ့ မြင်လာရသည်။ အကြောင်းမှာ ပုဇွန်ကန်၊ ပုဇွန်တာများ
ချဲ့ ထွင် လုပ်လာခြင်းကြောင့် ဖြစ်သည်။ နောက်တချက်တွိ့ ရသည်မှာ ပြား၊ ချောင်းနှင့်နီး အကျွန်ရို့ ပြည်သူများသည် ၄င်းသစ်တောများ
ထင်းအဖြစ်သုံးစွဲပစ်ကြပြီး ပြန်လည်ဂရုစိုက် ပြုစုပျိုးထောင်ခြင်း အလျင်းလုံးဝ မဟိမ့်ခြင်းကြောင့်ဖြစ်သည်။
အကျွန်ရို့  အငယ်ခါဆိုလျှင် မြစ်တဖက်တချက်ကို ကြည့်လိုက်လျှင် ရွာစိုင်များကို လုံးဝမမြင်ရပါ။ ပြားတောများ အုံဆိုင်းနီသောကြောင့်
ဖြစ်သည်။ အဂုဆိုလျှင် မြစ်တဖက်တချက်မှ ရွာစိုင်များကို ထင်းလင်းသေရှာချာမြင်နီရသည်။ လွန်ခသော နှစ် ၂၀ ကာလနှင့် အကွာကြီး
ကွာခပြီဖြစ်သည်။ ထိုပြားတောများကို အမှီပြု၌ နီထိုင်ကျက်စားဂတ်သော ပြားမျောက်၊ ဖျံ၊ ဖွတ်နှင့် အခြားသော သားကောင်များလည်း
ပျောက်ကွယ်လားသည်ကို တွိ့ ရသည်။ ဤသည်မှာ သူရို့ နီထိုင်ကျက်စားရာ ပတ်ဝန်းကျင် ပျက်စီးလားခြင်းကြောင့် ယင်းပတ်ဝန်းကျင်
ကို အမှီသဟဲပြုလို့ နီသော တိရိစ္ဆာန်များနှင့်  ဆက်စပ်သည့် Ecosystem ဟုခေါ်သေည “ဂေဟစနစ်”သည်လည်း ပျက်စီးလားသည့် သဘောပင်ဖြစ်သည်ကို အထူးသတိပြုသင့်ပါသည်။ အကျွန်ရို့ သည် မိမိရို့ နီထိုင်သော ပတ်ဝန်းကို ဂရုမစိုက်လျှင် နောင်ကာလများ၌
ဆိုးကျိုးကိုသာ ခံစားဂတ်ရမည်ဖြစ်သည်။ မိမိမခံစားရလျှင်သော်လည်း မိမိ၏ မျိုးဆက်သစ်များက ခံစားရလိမ့်မည်ဖြစ်သည်။
ထိုသို့  သစ်တောများပြုန်းတီးလာခြင်းကြောင့် ရာသီဥတုဖေါက်ပြန်လာခြင်း ဖြစ်သည်။ လူသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ကို
ရှူထုတ်လို့  အောက်ဆီဂျင်ဓါတ်ငွေ့ ကို ရှူသွင်းသည်။ သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ ကို ရှူသွင်းလို့  အောက်ဆီဂျင်
ဓါတ်ငွေ့ ထုတ်ပီးသည်။ သစ်ပင်များများ ဟိမ့်ခြင်းကြောင့် လူရို့ အတွက် အထူးအသုံးဝင်သည်။ သစ်တောများပြုန်းတီးလာခြင်းကြောင့်
ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ သည် လီထုထဲတွင် ပိုမိုများပြားလာကာ ရာသီဥတု ပူပြင်းလာခြင်း၏ အကျိုးဆက်တခုဖြစ်လာသည်။
အောက်ဆီဂျင်သည် လူရို့ အတွက် အသက်ဖြစ်သည်။ အောက်ဆီဂျင်ရဟိမ့်ရန် သစ်ပင်များဟိမ့်ဖို့ လိုအပ်သည်။
၎င်းပြင် စက်ရုံ၊ အလုပ်ရုံများနှင့် ပို့ ဆောင်ဆက်သွယ်ရေး ယာဉ်များမှ ထွက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ များကြောင့်လည်း
ရာသီဥတုပြောင်းလဲ၏ အဓိက အကြောင်းအရင်းဖြစ်သည်။ ယင်းအတွက် နိုင်ငံတကာ ခေါင်းဆောင်များက စက်ရုံ၊ အလုပ်ရုံများကို လျော့ချရန် ဆွေးနွေးပွဲများ ညီလာခံများကျင်းပကာ အဖြေရှာနီဂတ်သည်။



ထိုင်းနိုင်ဂံတွင် ဘုရင်မင်း၏ အစီအစိုင်ဖြင့် သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းကို နှစ်စိုင်နှစ်တိုင်း ပြုလုပ်နီသည်။ သူ၏စီမံကိန်းသည်
ပတ်ဝန်းကျင်စိမ်းလန်းစိုပြေအောင် လုပ်ဆောင်ပီးခြင်းဖြစ်သည်။ ၄င်းပြင် ဖေါက်ပြန်လာသော ရာသီဥတုကိုလည်း ကာကွယ်
ရန်ဖြစ်သည်။ နောက်တချက်က (Ecological Reforestation) ပျက်စီးလားသော ပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ခြင်းလည်း
ဖြစ်သည်။ The King Project ဟုခေါ်သော သစ်ပင်စိုက်ပျိုးရေးတွင် စေတနာ့ဝန်ထမ်း (၂၀၀၀)ကျော် ဟိမ့်သည်။
ဘုရင့်စီမံကိန်း သစ်ပင်စိုက်ပျိုးရေးအစီအစိုင်တွင် အဂုထိ သစ်ပင်ပေါင်း ၅၅၀ ၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် သစ်ပင်ပေါင်း ၁ ၀၀၀ ၀၀၀ အထိ ရောက်အောင် စိုက်ပျိုးရန် မျှော်လင့်ဆုံးဖြတ်ထားကြောင့်သိရသည်။
အထူးဝမ်းမြောက်ဖွယ်ရာပင် ဖြစ်သည်။



ဤသို့ ဆိုလျှင် သဘာဝဘေးရန်ကို ကာကွယ်ရန်နှင့် ရာသီဥတုသာယာလာစေရန်အတွက် အကျွန်ရို့  ပြည်သူများလည်း ပျက်စီးဆုံးရှုံး လားသော နီရာဒေသအသီးသီးတွင် သစ်ပင်များကို ပြန်လည်စိုက်ပျိုးရန် အထူးအရေးကြီးလာသည်။ ပြားတောများ၌ဆိုလျှင်
သဘာဝအတိုင်း ပေါက်ရောက်လာသော ပြားပင်၊ ပြားဇီးပင်၊ လမုလမဲ့ပင်များကို မခွတ်ဘဲ စောင့်ရှောက်ထားခြင်းဖြင့်လည်းကောင်း၊
သစ်တပင်ခွတ်လျှင် အနည်းဆုံး ၁၀ ပင် ပြန်လည်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း ကာကွယ်ပါလျှင် လာမည့် ၁၀ နှစ်အတွင်း ပြန်လည်
စိမ်းစိုလှပလာပါမည်ဖြစ်သည်။ လက်ဟိမ့် မိမိရို့ က သဘာဝက ရသော သယံဇာတများကို သုံးချင်ရေပိုင် သုံးစွဲခပြီး ဒေအတိုင်း ပစ်ထား
ခလျှင် နောင်လာမည့် ငါရို့ ၏ မျိုးဆက်သစ်များ အခက်အခဲနှင့် ကြုံတွိ့  ရမည်ကို သိသင့်သည်။
သစ်ပင်စိုက်ပျိုးခြင်းသည် စက်ရုံတခုတည်ဆောက်ခြင်းကဲ့သို့  ခက်ခဲနက်နဲသော အလုပ်တခုလည်း မဟုတ်ပါ။ ထို့ ကြောင့် ပြည်သူတိုင်းက အသိဟိမ့်ဟိမ့်ဖြင့် စိုက်ပျိုးဂတ်လျှင် လူသားများအတွက် အကျိုးပြုလာမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်သည် လူသားတိုင်းအတွက် အကျိုးအမြတ်ဖြစ်သည်။
ထို့ ကြောင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ အထူးသဖြင့် အကျွန်ရို့  ရခိုင်ပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်သည်
အထူးဆက်စပ်ကာ အမှီသဟဲပြုနီသောကြောင့် မဟိမ့်မဖြစ်လိုအပ်သည်။ အကယ်သစ်တောများ အားလုံးပြုန်းတီးလားပါလျှင် ... ?
အသင် မည်သို့  နီထိုင်ပါမည်နည်း? စာဖတ်သူများ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ဂတ်ပါဇီ။

တသက်လုံး ပျော်ရွှင် ချမ်းမြေ့ဖို့  ရခိုင်ပြည်သူရို့  သစ်ပင်စိုက်ဂတ်ပါလို့  ပြောကြားယင်း နိဌိတံ အဆုံးသတ်လိုက်ပါရေ။
စာဖတ်သူများကို လေးစားစွာဖြင့် -
Evergreen

Saturday, December 26, 2009

တနှစ်ထက်တနှစ် ပြုန်းတီးလာသော ရခိုင်ပြည်မှ ပြားတောများ (ဒီရောက်တောများ)

တနှစ်ထက်တနှစ် ပြုန်းတီးလာသော ရခိုင်ပြည်မှ ပြားတောများ (ဒီရောက်တောများ)


ရခိုင်ပြည်သည် ဘင်္ဂလားပင်လယ်အော်နှင့်ဆက်စပ်နီသောကြောင့် မြစ်ချောင်းအင်းအိုင်များပေါများကာ သဘာဝပြားတောများဖြစ်သော လမု လမဲ့ပင်များ၊ ပြူးပင် ၊ ပြာပင်များ၊ ပြားဇီးပင်များ အစဟိသော ထူထပ်သော ပြားတောများကို ရခိုင်ပြည်အနှံ့ တွင် တွိ့ မြင်နိုင် ပါသည်။ သို့ ရာတွင် ဖွံ့ ဖြိုးတိုးတက်မှုနည်းပြီး လောင်စာသုံးစွဲရာတွင် နိတဓူဝ ထင်းမီးကိုသာ နှစ်စိုင်နှစ်တိုင်း အသုံးပြုလာခခြင်း ကြောင်း ရခိုင်ပြည်မှ ပြားတောများသည် တနှစ်ထက်တနှစ် ပြုန်းတီးလာခသည်ကို တွိ့ မြင်နီရသည်။

ပြည်သူများမှာလည်း ပြားတောများကို ပြန်လည်စိုက်ပျိုးရမည် ပြန်လည်စောင့်ရှောက်ရမည်ကို မသိ၊ အစိုးရမှလည်း အသိပညာပီးမှု နည်းပါးခြင်းကြောင့် ပြားတောများပြုန်းတီးမှုသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ဟိလာသည်။ ၁၉၈၀ ခုနှစ် ၀န်းကျင်ကာလ သည့်တိုင် ရခိုင်ပြည်၏ မြစ်ကြီး (၄)ခုတွင် ပေါက်ရောက်နီသော ပြားတောများကို သိသာထင်ရှားစွာ မြင်တွိ့ နီရသိမ့်သည်။

စစ်အစိုးရတက်လာသော ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်ကား ပုဇွန်တာများပြုလုပ်လာဂတ်ခြင်း၊ လောင်စာထင်းအဖြစ်သုံးစွဲခြင်း အစဟိသည်များကြောင့် ပြားတောများ ဆုံးရှုံးပျောက်ကွယ်လားသည်ကို မြင်ရသည်။ အယင်က မယူမြစ်၊ ဂစ္ဆပနဒီ (ကုလားတန်) မြစ်၊ လေးမြို့မြစ်များ တလျှောက်တွင် ပြားတောများ အုံ့ ဆိုင်း ညိုမှိုင်းနီသည်ကို တွိ့ မြင်ခရသည်။ ဂနိအချိန်တွင် ယင်းပြားတောများ ပျောက်ကွယ်လုနီးပါး ဖြစ်နီသည်ကို အထူးသတိပြုမိသည်။ ပြည်သူများက အသိဥာဏ်ဟိဟိ မစောင့်ရှောက် လျှင် အစိုးရမှ မထိန်းသိမ်းမစောင့်ရှောက်လျှင် နောင်အနာဂတ်အတွင် လွင်တီးခေါင်ဖြစ်ပြီး “မျောက်တောင် လမ်းထလျှောက်ရ မည့်ကိန်း ဆိုက်ရောက်လာနိုင်ပါသည်။” ပြားတောများ ပြုန်းတီးလာခြင်းကြောင့် ပြားတောများကို အမှီသဟဲပြု၍ နီထိုင်ကျက်စား ဂတ်သော သားကောင်(တိရစ္ဆာန်)များနှင့် သားငါးပုဇွန်လည်း ပျောက်ကွယ်ရှားပါးလာသည်ကို တွိ့ ဟိရသည်။ အယင်ကဆိုလျှင် ရခိုင်ပြည်တွင်း မြစ်ချောင်းအင်းအိုင်များတွင် ဖျံနှင့် မီးကျောင်းများ ဟိသည်ကို မြင်တွိ့ ရသည်။ ယင်းသတ္တ၀ါများကို မမြင်တွိ့ ရ သည်မှာ နှစ် (၃၀)နီးပါးခန့် ဟိပြီဖြစ်သည်။

ရခိုင်ပြည်တွင် လျှပ်စစ်မီးရဟိရေးအတွက် ရီအားလျှပ်စစ်လည်း ဟိသည်။ အစိုးရမှ မလုပ်ပါ။ အဂုလက်ဟိတွင် ရီနံနှင့် ဂတ်စ် ခေါ် သဘာဝဓါတ်ငွေ့ ထွက်နီသည်။ ရခိုင်ပြည်သူများသုံးခွင့် မရဘဲ ချိုးနှိမ်ထားခြင်းသည် ရခိုင်ပြည်သူလူထု၏ အနာဂတ်ကို ဆိုးရွား နိမ့်ကျလာအောင် ပြုလုပ်နီခြင်းဖြစ်သည်။ တိုင်းပြည်တပြည်တိုးတက်ရန်အတွက် လျှပ်စစ်မီးအရေးကြီးသည်။ ရခိုင်ပြည်သူများ တိုးတက်လာမည်ကို ဗမာအုပ်စိုးသူများက မလိုလားမနှစ်သက်ခြင်းပင်ဖြစ်သည်။ ပြည်သူများကလည်း ထင်းကို လောင်စာအဖြစ် သုံးစွဲရာတွင် ပြန်လည်စိုက်ပျိုးရမည်ကို မသိနားမလည် အစိုးရမှလည်း ပညာပေးခြင်းများ မဟိရှိလျှင် ရခိုင်ပြည်၏ အနာဂတ် ပြားတောများသည် လုံးဝပျောက်ကွယ်လားမည် ဖြစ်သည်။

အစိုးရကလည်း ပညာပီးခြင်းများ ဟိလာမည်။ ပြည်သူများကလည်း မိမိရို့ ဒေသများတွင် ခွတ်လိုက်သော ပြားတောများ၌ အသစ်ပြန်လည်ပေါက်လာသော လမုလမဲ့ပင်များ၊ ပြာပင်၊ ပြားဇီးပင်များ၊ ပြူးပင်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်လျှင် သို့ မဟုတ် မိမိတပင်ခွတ်လျှင် အနည်းဆုံး (၁၀)ပင် ထိန်းသိမ်းစောင့်ရှောက်ပါက လာမည့် (၁၀)နှစ်အတွင်းတွင် ပြားတောများသည် ပြန်လည်ရှင်သန် စိမ်းစိုအုံဆိုင်းလှပလာနိုင်ပါလိမ့်မည်။

ပြားတောများကဲ့သို့ သစ်တောပြုန်းတီးမှုသည်လည်း ရခိုင်ပြည်တွင် အဆိုးဆုံးအခြေအနီသို့ ရောက်နီသည်။ တရားဝင်နှင့် တရားမ၀ပါ သစ်ထုတ်လုပ်နီခြင်းကြောင့် သစ်ဝါးများတနှစ်ထက်တနှစ် ရှားပါးလာနီသည်။ ပြန်လည်စိုက်ပျိုးခြင်းလုံး မဟိပါ။
၎င်းပြင် အထူးသတိပြုမိသည်မှာ ရခိုင်ပြည်တွင် စစ်အစိုးရတက်လာပြီးနောက်ပိုင်း စစ်တပ်ရင်းများ အဆမတန်အခြေချလာခြင်း ကြောင့် စစ်တပ်အတွက် သစ်လိုအပ်ခြင်းနှင့် အုတ်ဖုတ်လုပ်ငန်းတွင် ထင်းကိုသုံးစွဲရခြင်းများသည် သစ်တောပြုန်းတီးခြင်း၏ မြင်သာထင်ရှားသော လက္ခဏာတရပ်ဖြစ်သည်။

အတိုချုပ်ပြောရလျှင် မိမိရို့ ရခိုင်ပြည်မှ ထွက်သော ဂတ်စ်ခေါ် သဘာဝဓါတ်ငွေ့ ကို မီးနှင့် လောင်စာအတွက် အကျိုးဟိဟိ ပြည်သူများကို အသုံးချခွင့် အမှန်တကယ်ပီးပါက သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်မည်ဖြစ်သည်။
ဤသို့ ဆိုလျှင် ရခိုင်ပြည်၏ သဘာဝပတ်ဝန်းကျင်လည်း စိမ်းစိုလန်းဆန်းလှပတင့်တယ်လာမည်ဖြစ်ကာ ကမ္ဘာ့ရာသီဥတုဖေါက်ပြန် ခြင်းကိုလည်း အကျိုးပြုလာနိုင်မည်ဖြစ်သည်။

မိမိပတ်ဝန်းကျင်ဒေသ စိမ်းစိုလှပ ဖွံ့ ဖြိုးတိုးတက်အောင် ကူညီဂတ်ပါ။

လေးစားစွာဖြင့် ---
Evergreen

ကျွန်သက်တာရှည် ရခိုင်ပြည်

ကျွန်သက်ရှည်တာရှည် ရခိုင်ပြည်



“ (၂၂၅) နှစ်မြောက် ရခိုင့်အချုပ်အချာအာဏာကျဆုံးခြင်း ၀မ်းနည်းအောက်မိဖွယ် အမှတ်တရ ”


အချုပ်အချာအာဏာပိုင် ရခိုင်နိုင်ဂံတော်
(BC – 3325 မှ AD – 1784)
၁။ ပထမ ဓည၀တီခေတ် (BC - ၃၃၂၅ - ၁၅၀၇)
၂။ ဒုတိယ ဓည၀တီခေတ် (BC - ၁၅၀၇ - ၅၈၀)
၃။ တတိယ ဓည၀တီခေတ် (BC - ၅၈၀- AD – ၃၂၆)
၎။ ဝေသာလီကျောက်လှီကားခေတ် (AD - ၃၂၇ - AD -၈၁၈)
၅။ လေးမြို့ ခေတ် (AD - ၈၁၈ - AD ၁၄၃၀)
(က) ပဉ္စာမြို့  (AD - ၈၁၈ -၁၁၀၃)
(ခ) ပထမပရိန်မြို့  (AD - ၁၁၀၃ - AD - ၁၁၂၃)
(ဂ) ဒုတိယပရိန်မြို့  (AD -၁၁၂၃ - AD - ၁၂၅၀)
(ဃ) လောင်းကြက်မြို့  (AD - ၁၂၅၀ - AD - ၁၄၀၄)
- အင်းဝဘုရင်မင်းခေါင် သိမ်းပိုက်၍ ဘုရင်မင်းစောမွန် သူရတန်ဘုရင်ထံ ခိုလှုံစဉ်ကာလ
(AD - ၁၄၀၄ - AD -၁၄၂၉)
၆။ မြောက်ဦးခေတ် (AD - ၁၄၃၀ - AD၁၇၈၄)
(က) ပထမမြောက်ဦး (AD - ၁၄၃၀ - AD - ၁၅၃၁)
(ခ) ဒုတိယမြောက်ဦး (AD - ၁၅၃၁ - AD - ၁၆၃၈)
(ဂ) တတိယမြောက်ဦး (AD - ၁၆၃၈ - AD - ၁၇၈၄)

၇။ ကိုလိုနီကျွန်ဘဝ

(က) ဗမာကိုလိုနီခေတ် (AD - ၁၇၈၄ - ၁၈၂၆)
(ခ) အင်္ဂလိပ်ကိုလိုနီခေတ် (AD - ၁၈၂၆ - ၁၉၄၂)
(ဂ) ဂျပန်ခေတ် (AD - ၁၉၄၂ - ၁၉၄၅)
(ဃ အင်္ဂလိပ်ကိုလိုနီခေတ် (AD - ၁၉၄၅ - ၁၉၄၈)
(င) ဗမာလူမျိုးကြီးဝါဒီနှင့် စစ်အာဏာရှင်ခေတ် ( ၁၉၄၃၈ မှ အဂုအချိန်ထိ ... ... )




သူ့ ကျွန်ဘ၀အကြောင်း
ရခိုင်သက္ကရာဇ် ၁၁၄၆ ခု ပြာသိုလပြည့်ကျော် (၇)ရက် (၁၇၈၄ ခု ဒီဇင်ဘာလ ၃၁- ရက်)တွင် မြောက်ဦးရွှေမြို့  တော်နှင့်တကွ ရခိုင်တပြည်လုံးသည် ဗမာနယ်ချဲ့  ပဒေသရာဇ်မောင်ဝိုင်း လက်အောက်သို့ ကျရောက်ခရသည်။ ဗမာဘုရင်မောင်ဝိုင်း၏သား အိမ်ရှိမင်းသားမောင်ပေါ်သည် မြို့ ဝန်အန္ဒပကျန်နှင့် မင်းကြီးမင်းခေါင်ကျော် အမှူးပြုသော နောက်လိုက်နောက်ပါ တသောင်းနှင့်အတူ ရခိုင်ပြည်သူများကို ဖိနှိပ်ကျွန်ပြုရန် ထားခဗြီး ရခိုင်ဘုရင် မဟာ သမတရာဇာနှင့် မိဖုရားမြသန္တာ၊ မှူးမတ်ပညာဟိ၊ စာပီကျမ်းဂန်တတ် ရဟန်း ပညာဟိများနှင့် ရခိုင်ပြည်သူ နှစ်သိန်းကျော်ကို ချွေးတပ်ဆွဲဗြီး ဗမာပြည်သို့  ခေါ်လားခသည်။ ရခိုင်ပြည်သူရို့  အသက်တမျှ တန်ဖိုးထားကိုးကွယ် သော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကိုလည်း အပိုင်းပိုင်းဖြတ်ကာ ဗမာပြည်မန္တလေးသို့  အတင်းအဓမ္မ သိမ်းယူလားခသည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း (၅၀၀၀) ကျော်ရှည်ခသော ရခိုင့်အချုပ်အချာအာဏာသည် ပြိုလဲပျက်စီးကာ ရခိုင်ပြည်သူများသည် ကူသူမတွိ့  ကယ်သူမဟိဘဲ ဘေးလွတ်ရာကို ထွက်ဗြီးခဂတ်ရသည်။ ထို့ နောက် ဗမာဒေသရာဇ် နယ်ချဲ့ ကျူးကျော်သူများနှင့် လက်ပါးစေများသည် ရခိုင်ပြည်တွင် သက်ဦးဆံပိုင် ဗမာပဒေသရာဇ် အုပ်ချုပ်ရေးစနစ်ကို စတင်အကောင်အထည်ဖေါ်ပါဒေါ့သည်။ ပုခက်တွင်းဟိ အသျှေများပါမကျန် အဆမတန်ကြီး လီးသော လူခွန်ကို အတင်းအဓမ္မ ကာက်ခံခသည်။ ရခိုင်လူမျိုးများ၏ အသက်နှင့် ခန္ဓာသည် ဗမာလူမျိုးရို့  လက် ထဲတွင်သာ ဟိ၏။ ဗမာပဒေသရာဇ်နယ်ချဲ့ ၏ နှုတ်ထွက်စကားသည် အတည်ပြုဥပဒေ ဖြစ်ခသည်။ ဗမာနယ်ချဲ့ ရို့  ရခိုင်ပြည်ကိုအား သိမ်းပိုက်ခချိန်မှစ၍ လူမျိုးရေးအရ နည်းမျိုးစုံသုံး သွီးနှောစေခြင်း၊ စာပီကို ဖျက်ဆီး၍ ရခိုင်ယိုင် ကျေးမှုများကို ဗမာမှုပြုခြင်းဖြင့် ရခိုင်ရို့ ၏ အမျိုးသားရေး လက္ခဏာများကို တစတစ ဖျောက်ဖျက်ဖို့  ကြိုးစားလာ ခဂတ်သည်။ ယိုင်ကျေးမှုကို ဖျက်ဆီးခြင်း၊ စစ်ရေးအရ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ဗမာစကား၊ ဗမာအသိုင်းအ ၀ိုင်း၊ ဗမာဓလေ့ထုံးတမ်းများနှင့် နီးစပ်သူများကို ရာထူးများပီးကာ ဟန်ပြချီးမြှောက်ခြင်းဖြင့် နည်းပရိယာယ်မျိုးစုံသုံး၍ ရခိုင်အမျိုးသားများအား ထာဝရကျွန်ပြုရန် အဂုထက်တိုင် ကြံစိုင်ကြိုးစားလျှက် ဟိဂတ်ပါသည်။ ဗမာရို့ ကြီးစိုးသော ပဒေသရာဇ်ခေတ်၊ ဘီအိုင်အေ၊ ဘီဒီအေ၊ မဆလ၊ န၀တ၊ နအဖ ခေတ်အဆက်ဆက်၌ ရခိုင်အမျိုးသား ရို့ မှာ မိမိရို့ ၏ ဘိုးဘွားအမွီကို ရခိုင်ပြည်တွင်ပင် ခြီသုတ်ပုဆိုး(ဒယော) မြီစွယ်ကျိုးဘ၀ဖြင့် ဗမာခေါင်းဆောင်များထံ ကပ်ဖား ယက်ဖားလုပ်ကာ အသက်ရှင်သန်ဖို့  အားထုတ်နီဂတ်ရပါသည်။

ရခိုင်ပြည်ကို သွီးခွဲအုပ်ချုပ်ခြင်း
လူမျိုးတမျိုးအား သွီးခွဲအုပ်ချုပ်ခြင်းသည် နယ်ချဲ့ ဗမာရို့ ၏ နည်းပရိယာယ်များအနက် တခုအပါအ၀င် ဖြစ်သည်။ ဗမာလူမျိုးရို့ သည် ရခိုင်ပြည်တော်လှန်ရေးနှင့် မြောက်ပိုင်း၊ တောင်ပေါ်နှင့် ချောင်းဖျား၊ မြောက်ဦး၊ ရမ်းဗြဲ၊ မာန် အောင်၊ သံတွဲ၊ ကျောက်ဖြူရို့ မှ ရခိုင်သားများအား ဒေသစိတ်များပြင်းထန်လာအောင် အထင်အမြင်လွဲမှားအောင် ပြုလုပ်ခြင်းဖြင့် ကျွန်ပြုရန် လွယ်ကူအောင် ဆောင်ရွက်ခဂတ်သည်။ ထိုသို့ သွီးခွဲအုပ်ချုပ်မှုသည် ရခိုင်ပြည်ကျွန် ဘ၀သို့  ကျရောက်ခချိန်မှစ၍ စတင်ကျင့်သုံးလာခသည်မှာ ဂနိအချိန်တိုင်အောင် ဖြစ်သည်။

ဘာသာရေးကို ဖျက်ဆီးခြင်း၊ အသိပညာရှင်များအား ချိုးနှိမ်ခြင်း
ဗမာနယ်ချဲ့ ရို့ သည် ရခိုင်ပြည်မှ ကိုယ်ပွားတော် မဟာမြတ်မုနိရုပ်ရှင်တော်အား ယူဆောင်လားရုံသာမက မဟာ မြတ်မုနိသိမ်တော်ကိုလည်း ဗမာနယ်ချဲ့ မောင်ဝိုင်း၏ စစ်ခွီးများက မီးရှို့ ဖျက်ဆီးခဂတ်သည်။ ရခိုင်သာသနာရေး တွင် အကျော်အမော်များဖြစ်သော ၀ိနည်းဓိုရ် သျှစ်သောင်းဆရာတော်ကြီး တေဇရာမဆရာတော်ကြီး၊ ပိန္နဲ တောင်ဆရာတော်၊ ဆရာတော်ကြီးအမြောက်အများနှင့် ရဟန်းပညာဟိများ၊ အတတ်ပညာရှင်၊ အသိပညာရှင် များအား နောက်နောင်တွင် ပြန်လည် မပုန်ကန် မတိုက်ခိုက်နိုင်အောင် မြောက်ဦးမြို့ တော်မှ ဗမာပြည်သို့  အ တင်းအဓမ္မ ခေါ်ဆောင်လားခခြင်းဖြင့် ရခိုင်လူမျိုးရို့ ၏ ဘာသာ၊ သာသနာအား ဗမာလူမျိုးများက ဖျက်ဆီးချိုးနှိမ် ခဂတ်သည်။

ဗမာလူမျိုးကြီးဝါဒီများအတွက် စစ်တိုက်ရသော ရခိုင်သားကျွန်ဘဝ
ရခိုင်သက္ကရာဇ် ၁၁၅၀ ခုနှစ်တွင် အနောက်ဖက်တိုက်ဝန်သည် ရခိုင်ပြည်သူများအား ကျွန်ပြုရန် မြောက်ဦးမြို့  တော်တွင်မြို့ ဝန်ဖြစ်လာခသည်။ ထိုနှစ်တွင်ပင် ဗမာဘုရင်မောင်ဝိုင်းသည် ယိုးဒယားနိုင်ဂံ ဇင်းမယ် (ချင်းမိုင်)ကို ဗိုလ်မှူးတပ်မှူးရို့ ဖြင့် တိုက်ခိုက်ရာ မအောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာလာခသည်။ ထိုအခါ မောင်ဝိုင်းသည် ရခိုင် ပြည်တွင် စစ်သားစုဆောင်းရန် အမိန့် ချမှတ်ခသောကြောင့် မြောက်ဦး၊ ရမ်းဗြဲ၊ မာန်အောင်၊ သံတွဲရို့ မှ သန်မာ သော ရခိုင်ခြောက်ထောင်ကို အတင်းအဓမ္မ စုဆောင်းဗြီး ယိုးဒယား ဇင်းမယ်သို့  ချီတက်ဇီခသည်။ ရခိုင့်သူရဲ ကောင်းရို့ မှာ အပြင်းအထန် ငှက်ဖျားဖြစ်ဗြီး သီဆုံးခဂတ်ရ၏။ အဂုထက်တိုင်လည်း ရခိုင်သားများသည် ဗမာ့ စစ်တပ်ထဲတွင် အမှုထမ်းလျှက် ဗမာလူမျိုးကြီးစိုးရေးအတွက် သက်စွန့် ဆံဖျား တာဝန်ထမ်းဆောင်ကာ ချိုးနှိမ်မှု အမျိုးမျိုးကို ခါးစည်းခံနီဂတ်ရသည်ကို ရခိုင်သားတိုင်း မျက်ခြင်ဖြစ်သည်။

၁၇၉၅ ရခိုင်သားများအား သတ်ဖြတ်ခြင်း
ရခိုင်သူရဲကောင်းများဖြစ်သော ပိုးလုံး၊ ခွက်ပေါက်၊ ကျွဲတကောင်နိုင်ရို့ သည် သူ့ ကျွန်မခံလို၍ ဗမာနယ်ချဲ့ ရို့ အား အခွင့်သာတိုင်း တော်လှန်ပုန်ကန် ခဂတ်သည်။ ထိုကဲ့သို့  တော်လှန်၍ လိုက်လံဖမ်းဆီးသော ဗမာနယ်ချဲ့ ရို့ နှင့် ကင်းလွတ်ရာ စစ်တကောင်းနယ်သို့  တိမ်းရှောင်ထွက်ဗြီးနီခရသည်။ ထိုအခါ ဗမာနယ်ချဲ့ ရို့ သည် ရခိုင်ပြည်သူ များထံမှ တအိမ်ဆင်း တအိမ်တက် ငွေများကောက်ခံရာ ငွေဒင်္ဂါးတသိန်းနှစ်သောင်း ရဟိလီသည်။ ထိုငွေဒင်္ဂါးများ အား ရခိုင်သစ္စာဖေါက် ငသံတွေသမက် သက်နှံဝေကိုပီးဗြီး စစ်တကောင်းသို့  စေလွှတ်သည်။ စစ်တကောင်းစား အင်္ဂလိပ်အား သစ္စာဖေါက်သက်နှံဝေက လာဘ်ထိုးတောင်းခံသဖြင့် ရခိုင်သူရဲကောင်းသုံးဦး ဗမာပြည်အမရပူရ သို့  ယူဆောင်လာခသည်။ စလင်းဆင်ဖြူကျွန်းသို့ ရောက်လျှင် သူရဲကောင်း ခွက်ပေါက်နှင့် ကျွဲတကောင်နိုင်ရို့  သည် သံခြီချင်းကိုချိုး၍ ထွက်ဗြီးရာ ဗမာစစ်သားများက လိုက်လံဖမ်းဆီးဂတ်သည်။ သူရဲကောင်းပေါက်ခွက်ကို ဖမ်းဆီးရမိဗြီး သူရဲကောင်း ကျွဲတကောင်နိုင်မှာ လွတ်မြောက်လားခသည်။ သူရဲကောင်းပိုးလုံးနှင့် ခွက်ပေါက်ရို့ ကို သတ်မိန့် ပီးလိုက်ရာ သူရို့ နှစ်ဦးအား အာဏာပါးကွက်သားများက သုဿန်သို့ ခေါ်ဆောင်လားဗြီး လက်ဝါးကပ် တိုင်တွင် ရိုက်ကာ အစောင့်များ ချထားလိုက်လီသည်။ လက်ဝါးကပ်တိုင်ရိုက်ဗြီး ၂၄-နာရီအကြာတွင် ရခိုင့်သူရဲ ကောင်း ခွက်ပေါက်ကွယ်လွန်၍ သူရဲကောင်းပိုးလုံးမှာ နာရီ (၆၀)အကြာတွင် ကွယ်လွန်လားခသည်။
သူရို့ နှစ်ဦးသည် နယ်ချဲ့ ဗမာရို့ အား ဦးမညွှတ် ဒူးမထောက်ဘဲ ရခိုင့်နိုင်ဂံတော်၏ အချုပ်အချာအာဏာအတွက် အသက်ကိုစတေးဗြီး ရခိုင်လူမျိုးများအတွက် တိုက်ခိုက်ခဂတ်သော အာဇာနီများ ဖြစ်ပါသည်။ မည်ကဲ့သို့ ပင် ရက်စက်ဖိနှိပ်မှုများ ပြုလုပ်စီကာမှု ရခိုင်သားရို့ ၏ တော်လှန်ရေးသွီးသည်ကား ကျွန်ဘ၀မှ မလွတ်မြောက်သိမ့်သ ရွိ့  ရဲရဲနီ နီလျှက် ဟိဦးမည်ဖြစ်သည်။

သခင်ပြောင်းလားသော ရခိုင်ကျွန်ဘဝ
၁၈၂၆ ခုနှစ်တွင် ဗြိတိသျှရို့ ၏ နီမ၀င်အင်ပါယာအတွင်း ရခိုင်ရို့ ကျရောက်လားခသဖြင့် အနှစ် (၄၀) ဗမာ့ငရဲခန်း သည် တခန်းရပ်ခသည်။ “သခင်ပြောင်းလားသော ကျွန်ဘ၀သည်ပင် ရခိုင်ရို့ အတွက် ကံထူးကံမြတ်” ပင်ဖြစ် သည်ဟု ဆိုရပါမည်။ ဗမာအောက်သားရို့ အား မောင်းထုတ်၍ အင်္ဂလိပ်ရို့ ကတဖန် နီရာယူထားခခြင်း ဖြစ်သည်။ အင်္ဂလိပ်ရို့ သည် ဖိနှိပ်ရက်စက်သော ဗမာများနှင့်စာလျှင် အဆပေါင်းများစွာ ရခိုင်သားရို့ ၏ ဘ၀ကို့ မြှင့်တင် ပီးခ လီသည်။ တနည်းအားဖြင့်ဆိုသော် ဗြိတိသျှရို့ ၏ တရားမျှတမှုကို ရခိုင်သားရို့  အထိုက်အလျောက် ရဟိခသည်။ အမျိုး ဘာသာ သာသနာတည်းဟူသော အမျိုးသားရေးလက္ခဏာရို့ သည် မြင်သာထင်သာ ဖြစ်လာခသည်။ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်မှု ရဟိခသဖြင့် ရခိုင်သားရို့ သည် တဖြည်းဖြည်းတိုးတက်လာခဗြီး ခေတ်ပညာ များကိုလည်း သင်ကြားခွင့် ရဟိလာခသည်။ တနည်းအားဖြင့်ဆိုသော် အောက်သားရို့  ဖျက်၍ ပျက်ခသော ရခိုင် ရို့  အမျိုးသားလက္ခဏာ၊ ယိုင်ကျေးမှုလက္ခဏာများကို ပြန်လည်ပြုစုပျိုးထောင်နိုင်ခသည်။ ရခိုင်သားရို့ ၏ အ သိုက်အမြုံသည် အင်္ဂလိပ်လက်ထက်တွင် အသစ်တဖန် ပြန်လည်စည်ပင်လာခသည်။ သို့ သော်လည်း ရခိုင်ရို့  သည် သခင်ပြောင်းလားသော အင်္ဂလိပ်ကျွန်များသာ ဖြစ်သည်။
၁၈၈၅ ဗမာတပြည်လုံး အင်္ဂလိပ်ကျွန်ဘ၀ကျရောက်ခြင်း
ရခိုင်သားရို့ သည် အင်္ဂလိပ်-ဗမာ လက်အောက် ကျွန်သက် (၁၀၁)နှစ် ပြည့်သည့်နှစ်တွင် ဗမာတပြည်လုံးသည် အင်္ဂလိပ်ကျွန်ဘ၀သို့ ကျရောက်လားခသည်။ ကိုလိုနီထမ်းပိုးအောက်တွင် အတူကျရောက်နီသော ရခိုင်နှင့် ဗမာ ရို့ သည် အတူလက်တွဲ ရုန်းကန်ခဂတ်သည်။ ရခိုင်လူမျိုးရို့ သည် ဗမာတတိုင်းပြည်လုံး လွတ်မြောက်ရေးအတွက် ဦးဆောင်လမ်းပြခသည်။ ရခိုင်လူမျိုးဆရာတော် အသျှင်ဦးဥတ္တမသည် တတိုင်းပြည်လုံးအတွက် နိုင်ဂံရေးမျက်စိ ဖွင့်ပီးခသည်။ အင်္ဂလိပ်လက်အောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ ပညာရေးစသည့် ဌာနများတွင် ရခိုင်သားရို့ သည် အဓိကတာဝန်များကို ရယူနိုင်ခဂတ်သည်။ သို့ သော် ရခိုင်သားရို့ သည် စည်းစိမ်မယစ်၊ အာ ဏာမမက်ဘဲ တတိုင်းပြည်လုံးအတွက် ဦးစားပီးဆောင်ရွက်ခဂတ်သည်မှာ သမိုင်းသက်သီပင် ဖြစ်သည်။ ရခိုင် သားရို့ အတွက် နောက်ဆုံးရလာဒ်က အင်္ဂလိပ်ကိုတော်လှန်၍ ဗမာလူမျိုးဝါဒီရို့ လက်ဝါးကြီးအုပ်စိုးခြင်းကို ခံနီရ ခြင်းပင် ဖြစ်သည်။ ဗမာလူမျိုးဆရာတော် ဦးဝိစာရအား ဂုဏ်ပြုပန်းခြံများ၊ ကျောက်တိုင်များ ပြုလုပ်ဂတ်သော် လည်း ဦးဝိစာရ၏ဆရာ လွတ်လပ်ရေးမီးရှုးတန်ဆောင် ဆရာတော်ဦးဥတ္တမကိုမူ သမိုင်းဖျောက်ဖို့  ကြိုးစားနီခြင်း ကိုကြည့်ခြင်းဖြင့် ဗမာ့သရုပ်သည် အပေါ်လွင်ကြီး ပေါ်လွင်လာစီသည်။

ဗမာရို့ ထိန်ချန်ထားသော လွတ်လပ်ရေးအတွက် ပထမဆုံးကျသော ရခိုင့်သွီး
ဗမာရို့ သည် ဗမာ့လွတ်လပ်ရေးအကြောင်းပြောရာတွင် ဗမာလူမျိုးရို့ ၏ စွန့် လွတ်အနစ်နာခံမှု၊ ဗမာရို့ ၏ ဦး ဆောင်ဦးရွက်ပြုမှုများကိုသာ ရှိတန်းတင်ဗြီး ပြောဂတ်သည်။ ဗမာ့လွတ်လပ်ရေးအတွက် ရခိုင်သားရို့ အတွက်ကျ သော သွီးကိုမူ ထိန်ချန်ထားခသည်။ ဗမာ့လွတ်လပ်ရေးအတွက် ပွဲဦးထွက်သွီးသည် ရခိုင့်သွီးပင် ဖြစ်သည်။ အောက်သားရို့ ၏ လွတ်လပ်ရေးသမိုင်းတွင် ကျဆုံးလားခသော မင်းသားကြီးရွှီဘန်း၏ ရဲရဲနီသော အမျိုးသားရေး သွီးကိုကား ဗမာသမိုင်းတွင် စာတကြောင်းပင် မပါခပါ။

ဗမာရို့ ပြောနီသော တော်လှန်ရေးနိ ၁၉၄၅ မတ်လ (၂၇) ရက်
ဗမာရို့ သည် ၁၉၄၅ မတ်လ ၂၇ ရက်နိတွင် ဗမာ့မြီတွင် ဖက်ဆစ်ဂျပန်ရို့ အား တိုက်ခိုက်ခသဖြင့် ထိုနိကို တော် လှန်ရေးနိ ဟု သတ်မှတ်ခသည်။ အဂု ဗမာ့စစ်ဘီလူးများက တဖန် တပ်မတော်နိအဖြစ် ပြောင်းလဲကျင်းပလျက် ဟိသည်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ရန် ဗိုလ်ချုပ်အောင်ဆန်းက “ရင်ရ မရရင်ချ” ဟု စစ်ကြေငြာသံပီးသော အခါ ရခိုင်မြီတွင် ဂျပန် မဟိဒေါ့ပါ။ ၁၉၄၅ ခု မတ်လ (၂၇) ရက်နိကို ဂျပန်တော်လှန်ရေးအဖြစ် ကြေငြာ၍ ဂျပန်ရို့  အား တိုက်ထုတ်ရန် ဟန်ပြင်သောအခါ ရခိုင်ပြည်တွင် ဂျပန်မဟိဒေါ့။ ရခိုင်ရို့ သည် လွတ်လပ်ရေးအတွက် ရရာ လက်နက်ကိုဆွဲကို၍ တော်လှန်တိုက်ထုတ်ခခြင်းဖြင့်ဗြီး ဗမာတပ်မတော်မှ ရိုင်ဖယ်တလက်မျှပင် အကူအညီ မရခပါ။

၁၉၄၈ ဗမာ့လွတ်လပ်ရေးနှင့် ရခိုင်တကျပ် - ဗမာတကျပ်
၁၉၄၈ ဇန်န၀ါရီလ (၄) ရက် နိတွင် ဗမာလွတ်လပ်ရေး ရဟိသည်။ လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသည်။ ဦနုက ကမကထပြုလုပ်၍ လွတ်လပ်ရေးကို ရယူခသည်။ သို့ သော် တိုင်းရင်းသားလူမျိုးရို့ ၏ လွတ် လပ်ရေးမဟုတ်ဘဲ ဗမာရို့ ၏ လွတ်လပ်ရေးသာ ဖြစ်ခသည်။ အောင်ဆန်းကတိပီးခသော ရခိုင်တကျပ်-ဗမာတ ကျပ်မူသည် တန်းတူအခွင့်အရေးမဟုတ်ဘဲ တလွဲအဓိပ္ပာယ် ဖြစ်လာခသည်။ ရခိုင်တကျပ်-ဗမာတကျပ်စသည် ဖြင့် နောက်ပိုင်းတိုင်းရင်းသားတမျိုးစီ တကျပ်၊ တကျပ် ရဟိချိန်တွင် ဗမာသည် (၇)ကျပ် တင်းပြည့်ရလားခသည်။ ဤမျှမကသိမ့် နယ်ချဲ့ တော်လှန်ရေးကာလတလျှောက်တွင် တောကြို၊ တောင်ကြား၌ သက်စွန့် ဆံဖျား တိုက်ပွဲဝင် ၍ လူထုခေါင်းဆောင်ဖြစ်လာဂတ်သော ဦးစိန္တာ၊ ဘုံပေါက်သာကျော်ရို့ ကဲ့သို့ သော ရခိုင်အမျိုးသားတော်လှန်ရေး သမားကြီးများကို ဓါးပြ၊ သူခိုးတံဆိပ်၍ ဖမ်းဝရမ်းတပ်လိုက်ဂတ်သိမ့်သည်။ လွတ်လပ်ရေး မရခင်က ပင်လုံနှင့် တဖုံ၊ နှုတ်ဖြင့်တမျိုး လိမ်ညာခသော ဗမာရို့ ၏ ပြောဒေါ့အသံ၊ ရေးဒေါ့အမှန်၊ လျှာနှစ်ခွစကားကြောင့် နောက်တ ကြမ်ဇာတ်သွင်း ခံလိုက်ရဗြီဖြစ်သည်။ နောက်လူများ သင်ခန်းစာ ယူစရာပင် ဖြစ်ပါသည်။

၁၉၅၂ တွင် ဗမာရို့  မိတ်ဆက်ပီးခသော ဒီမိုကရေစီ လူသတ်ပွဲ
အောက်သားရို့ လွတ်လပ်ဂတ်လီဗြီ။ ဗမာရို့ က ပါလီမန် ဒီမိုကရေစီ ကျင့်သုံးခဂတ်သည်ဟု ပြောဂတ်သည်။ ပါလီ မန်တွင် ရခိုင်သားရို့  လွတ်လပ်စွာ ပြောဆိုတင်ပြခွင့်ဒေါ့ ဟိဂတ်ပါသည်။ သို့ သော်လည်း ရခိုင်ပြည်အတွက် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကား မရခဂတ်ပါ။ ၁၉၅၂ တွင် တောပန်ဇင်း၊ အခစား( ကျောက်တော်)၊ မကျည်းကုန်း (မာန်အောင်) စသော ရွာများတွင် ရွာလုံးကျွတ်လူသတ်ပွဲများဖြင့် ရခိုင်သားများအား ဗမာလူမျိုးကြီးဝါဒီဦးနုက ရခိုင်ရို့ အား ဒီမိုကရေစီဖြင့် မိတ်ဆက်ပီးခပါသည်။ ရခိုင်လူထုက ဗမာခေါင်းဆောင်ရို့ အပေါ် ထားဟိခသော ယုံ ကြည်မှု၊ ပြည်ထောင်စုအပေါ်ထားဟိခသော သစ္စာတရား၏ အကျိုးရလာဒ်ပင်ဖြစ်သည်။

၁၉၅၈ ဖဆပလနှစ်ခြမ်းကွဲခြင်းနှင့် ရခိုင်ပြည်
၁၉၅၈ ခုနှစ်တွင် ဗမာဝါဒီများအကြား အာဏာလုဂတ်ရာမှ အုပ်စုနှစ်စု ကွဲပြန်သည်။ ဦးနုခေါင်းဆောင်သော တည် မြဲဖဆပလပါတီကို မဲပီးလျှင် ရခိုင်ပြည်နယ်ပီးမည်ဟု မဲလိမ်တရားဟောသည်။ သန့် ရှင်းဖဆပလဘဆွေက “ပြည်နယ်တော့ မပေးနိုင်ဘူး။ ကျန်တဲ့ဟာကို ပေးနိုင်တယ်” ဟု ပြောင်စိန်ခေါ်သည်။ ရခိုင်ရို့ သည် လွတ်လပ်ရေး အတွက်လည်း တိုက်ခိုက်ခရသည်။ သွီးမြီကျခရသည်။ သို့ သော် လွတ်လပ်ရေးရလျှင် သမတနိုင်ဂံထူထောင်ခွင့် နှင့် မဟာမုနိရုပ်ရှင်တော်ကို ပြန်ပီးမည်ဟု ကတိပြုခဂတ်သော ဗမာခေါင်းဆောင်များထံမှ ပြည်နယ်အဆင့်ကိုပင် လက်ဝါးဖြန့် ၍ အသနားခံတောင်းခံဂတ်ရသည်။ တန်းတူအခွင့်အရေးနှင့် ပြည်နယ်လိုချင်သော ရခိုင်ရို့ သည် ဦး နုကို ထောက်ခံမဲ ပီးခဂတ်သည်။ ၁၉၆၀ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲတွင် ရခိုင်ရို့ ထောက်ခံမဲ ပီးသောအခါ ဦးနု အနိုင်ရဟိခသည်။ သို့ သော်ဦးနုသည် မဲဆွယ်စည်းရုံးစိုင်က ပီးခသော ရခိုင်ပြည်အား ပြည်နယ်ပီးမည်ဟူသော ကတိကို ချိုးဖေါက်ခသည်။ မိမိပါတီ မဲအနိုင်ရရေးတခုကိုသာ ရှေးရှု၍ ရခိုင်ပြည်တွင်း တရားမ၀င် ဘင်္ဂလီမူဆ လင်ကုလားများကို နိုင်ဂံသားအဖြစ် သတ်မှတ်လိုက်ခြင်းမှာ ဦးနုက ရခိုင်ပြည်သူလူထုကို ပီးအပ်ခသည့် အကြီး မားဆုံး တုံ့ ပြန်မှုပင်ဖြစ်ပါသည်။ ရခိုင်သားရို့ မှာ အရှက်တကွဲ အကျိုးနည်းစွာဖြင့် ယူကြုံးမရဖြစ်ရုံမှတပါး မည်သို့  မျှမတတ်နိုင်ဘဲ လက်မှိုင်ချခဂတ်ရသည်။

ရခိုင်က ပြည်နယ်တောင်း၊ ရှမ်းက ပြည်ထောင်စုစစ်စစ်မူတင်လာသောအခါ ဗမာစစ်ဝါဒီနေ၀င်းသည် ဟန်မ ဆောင်နိုင်ဒေါ့ဘဲ အာဏာသိမ်းခလီသည်။ နောက်ဆုံးတွင် ရခိုင်ရို့ အား အောင်ဆန်းမက်လုံးပီးခသော တကျပ်စီ အခွင့်အရေးကိုပါ နေ၀င်းက လုယူလားခသည်။

ရခိုင့်သွီးစွန်းခသော ၁၉၆၇ ဩဂုတ် (၁၃) ရက်
“ဘားဗူဟိယင့် ဆန်ဟိယင့် ဒိုင်းကျီဟိယင့် ရီဟိယင့်” ဟူ၍ ရခိုင်ပြည်တွင် ဆန်ရီစပါးပေါများခြင်းကို တင်စားခ ဂတ်သည်။ သို့ သော် ဗမာစစ်အာဏာရှင်များလက်အောက်တွင် ရခိုင်ပြည်၌ ဆန်ပြတ်လတ်ငတ်မွတ်မှု ကြုံခ သည်။ ဆန်ပြတ်လတ်မှုတောင်မက ဆန်အစား ကျည်ဆံကို ရဟိခသည်။ ရခိုင်ပြည်စစ်တွေမြို့ တွင် ၁၉၆၇ ခု ဩဂုတ်လ (၁၃)ရက် ဥပုတ်နိတွင် ထမင်းငတ်၍ ဆန်တောင်းသော ရခိုင်ပြည်သူများကို နေ၀င်းအစိုးရက ပစ် သတ်ရန် အမိန့် ပီးခသည်။ ထိုအချိန်က ရခိုင်ပြည်တွင် ဆန်ရှားပါးနီ၍ မဟုတ်။ စစ်တွေမြို့ ဟိ အစိုးရဆန်ဂိုဒေါင် ကြီးများ၊ စီဘီဖလတ်များတွင် ဆန်အပြည့် ဟိနီသည်။ ရခိုင်ပြည်သူရို့ ကို ဆန်မဖြန့် ဝီဘဲ အထက်ဗမာပြည်သို့  တင်ပို့ ရန် နေ၀င်းအစိုးရက သိုလှောင်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ရခိုင်ပြည်တွင် ဆန်ပြတ်လတ်မှုနှင့် ကြုံတွိ ရကာ ရခိုင်ပြည်သူများ ဆန်ထုတ်ပီးရန် ဆန္ဒပြတောင်းဆိုရာမှ မြဆန်စက်ရှိတွင် တဒုံးဒုံး တဒေါင်းဒေါင်း နှင့် ကျည် ဆံမိုးရွာကာ ရခိုင်ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ မယ်သီလရှင်များသည် သီပွဲဝင်ခရသည်။ သီသူ၊ ဒဏ်ရာ ရသူအားလုံးကိုလည်း “ကျွန်တော်မသီသိမ့်ပါ” ဟု ပြောသော်လည်း ဂရုမပြုဘဲ အရှင်လတ်လတ် မြီမြုပ် ခသည်အထိ ဗမာသည် ရခိုင်ကို ပခုံးချင်းယှဉ်မည့် ရန်ဖက်လူမျိုးအဖြစ် အမြဲတမ်း ညှမ်းပမ်းနှိပ်စက် ခဂတ်သည်။

ပီးခပါသည် ရခိုင်ပြည်နယ် သို့ သော် ... ... ...
၁၉၇၄ ခု ဒီဇင်ဘာလ (၁၅)ရက်နိတွင် ဦးနု မပီးခသော ပြည်နယ်ကို နေ၀င်းက ပီးခသည်။ နာမည်ကသာ ပြည်နယ်ဖြစ်ဗြီး လုပ်ပိုင်ခွင့်ဟူသမျှကို နေ၀င်း၏ စစ်ခွီးများက ဓါးမိုးအုပ်ချုပ်ခဂတ်သည်။ ဗကပများကို ဗန်းပြကာ ရခိုင်ပြည်တွင် ရွာလုံးကျွတ် မီးရှို့  လူသတ် ဆက်ကြေးကောက် မုဒိမ်းကျင့် ဓါးပြတိုက်ဖြင့် အောက်သားများသည် ထင်သလို ချယ်လှယ်ခဂတ်သည်။ ထိုသို့  ဗမာလူမျိုး စစ်ဝါဒီ တပါတီစနစ်(မဆလ)အောက်တွင် ရခိုင်ပြည်လည်း (၂၆)နှစ် ကြာခသည်။ အဂုလည်း ရခိုင်ပြည်ကို ပြည်နယ်အဆင့် သတ်မှတ်ထားသည်ဟု ပြောဆိုလိမ်ညာနီသည်။

၈-၈-၈၈ နှင့် ရခိုင်ပြည်
၁၉၈၈ အရေးအခင်းဖြစ်၍ ဗမာပြည်တပြည်လုံး ပွတ်လောရိုက်သောအခါ ရခိုင်သို့ လည်း ကူးစက်လာခသည်။ အောက်သားရို့ ၏ မပြောပလောက်သော သွီးမြီကျမှုသမိုင်းတွင် ရခိုင်ရို့ လည်း ပါဝင်ရီးသားခသည်။ ဗမာ့ဒီမိုကရေ စီတိုက်ပွဲအတွက် ပြည်ဗြီး ရွာပြောင်းခရသော ရခိုင်သားရို့ ၏ အရေအတွက်လည်း မနည်းဒေါ့ပါ။ စစ်ဖနပ်အောက် တွင် အသက်ပျောက်ခရသည်ကား ဒုနှင့်ဒေးပါ။ ထောင်နန်းစံယင်း ဘ၀ဆုံးရှုံး လူညွန့် တုံးခရသည်မှာ ရေတွက်၍ မကုန်နိုင်ပါ။

၁၉၉၀ ရွေးကောက်ပွဲနှင့် ရခိုင်ပြည်
၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ ကျင်းပသောအခါတွင်လည်း ရခိုင်သားရို့ သည် အောင်ဆန်းစုကြည်နှင့် လက် တွဲခဂတ်၏။ နိုင်ဂံရေး လူမျိုးအခွင့်အရေးအတွက် ရခိုင်သားရို့ သည် မည်သည့်အခါမှ လက်မတွန့် ခဂတ်။ ရွေး ကောက်ပွဲတွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က အမတ် (၁၁)နီရာ ရဟိကာ ရခိုင်အမျိုးသားအားမာန်ကို ဖွင့် ပြခဂတ်သည်။ သို့ သော်မကြာပါ။ ရခိုင်အမျိုးသားမာနကို ဖြိုခွင်းခံလိုက်ရသည်။ ရခိုင်အမျိုးသားခေါင်းဆောင်များ ကို ဖမ်းဆီးခသည်။ ရခိုင်သားရို့ အား ရခိုင်သားအခွင့်အရေး၊ ရခိုင်နစ်နာချက်များနှင့် ပတ်သက်၍ ပြောဆိုတင်ပြ ခွင့် လုံးဝမရဟိခပါ။ ရွေးကောက်ပွဲအတွင်းတွင်လည်း မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) စစ်ဗိုလ်လူထွက် ဗမာအများစု ကြီးစိုးသော NLD ပါတီက မြို့ တိုင်းရွာတိုင်းတွင် မဲဆွယ်တရား ဒီမိုကရေစီစကားကို ပြောဆိုတင်ပြ ချိန်တွင် ရခိုင်ရို့ မှာ မိမိရို့ ၏ အမျိုးသားရေးကို ယောင်၍ပင် ပြောဆိုရီးသားခွင့် မဟိပါ။ ပြောဆိုသူများအား မျက် ကန်းမျိုးချစ်၊ အမြင်ကျဉ်းသူများအဖြစ် စွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင် သတ်ပစ်ခသည်။ နောက်ပိုင်းတွင် ရခိုင်အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီကိုလည်း ဖျက်သိမ်းခံခရသည်။ ဗမာရို့ ၏ NLD ပါတီိကို အဂုအချိန်ထိ ဆက်လက် လှုပ်ရှားခွင့် ပီးထားသည်မှာ ဗမာလက်ထဲမှ အာဏာ ဗမာလက်ထဲသို့  ပြန်လွှဲမည့် အစီအစဉ်လားဟု သံသယပွားဖွယ်ရာပင်ဖြစ်သည်။

ရခိုင်တမျိုးသားလုံး လေးစားမြတ်နိုးသော ဆရာကြီး ဦးဦးသာထွန်း
ရခိုင်အမျိုးသားထဲမှ ဒီမိုကရေစီအရေး၊ တန်တူရေး၊ တရာမျှတရေးအတွက် အသက်ပီးခရသော ခေါင်းဆောင်များ ထဲတွင် ရခိုင်တမျိုးသားလုံး လေးစားကြည်ညိုသော ဆရာကြီးဦးဦးသာထွန်းလည်း တဦးအပါအ၀င်ဖြစ်သည်။ ဆရာကြီး၏ မဲဆွယ်စည်းရုံးရေး၌ ဗမာစစ်အစိုးရ၏ တိုင်းပြည်အပေါ် အနိုင့်စော်ကားမှုနှင့် ပတ်သက်၍ ဆရာကြီး ဦးဦးသာထွန်း၏ အချက်ကျကျ ဝေဖန်ထိုးနှက်ချက်များသည် ဗမာစစ်အစိုးရအတွက် အနာပေါ်တုတ်ကျ အရှက်ရ ဇီခသည်။ ထိုအတွက်ကြောင့် ဆရာကြီးအား မင်းပြားမြို့  ပြားချောင်းကျေးရွာ၌ အမျိုးသားရေးတရားဟောသည် စသည်ဖြင့် အမျိုးမျိုးစွဲချက်တင်ဗြီး ဖမ်းဆီးခသည်။ ထို့ နောက် နအဖစစ်ခုံရုံးက ထောင်ဒဏ် (၃)နှစ် ပြစ်ဒဏ်ချ မှတ်ဗြီး စစ်တွေအကျဉ်းထောင်၌ ချုပ်နှောင်ထားခသည်။ ထောင်ထဲတွင် ဆရာကြီးအား ထမင်းကျွေးရာတွင် စိန် အစဟိသော အဆိပ်ပါသော အစားအစာများအား နိစိုင်လိုလို အနည်းငယ်ထည့်ကျွေး၍ လုပ်ကြံခရာ ထောင်ကျ ဗြီး (၁)နှစ်လောက်အကြာ ၁၉၉၀ ဩဂုတ်လ (၁၄) ရက်နိတွင် စစ်တွေအကျဉ်းထောင်၌ ကွယ်လွန်လားခသည်။
ဗမာရို့ သည် ရခိုင်သားရို့ အတွက် မားမားမတ်မတ် တိုက်ပွဲဝင်ခသော ဆရာကြီးအား သတ်ဖြတ်ခြင်းဖြင့် ရခိုင်ရို့  အား ချိုးနှိမ်ခသည်။ သို့ သော် ဆရာကြီး၏ မဗြီးဆုံးခသော အမျိုးသားရေးတာဝန်ကို ရခိုင်လူငယ်များက ဆက် လက်ထမ်းဆောင် ရှိဆက်ဂတ်ပါအုံ့ မည်ဖြစ်သည်။

စကားနှစ်ခွပြောသော ဗမာ့ခေါင်းဆောင် ဖခင်နှင့် သမီး
ဗမာရို့ ၏ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ရခိုင်လူမျိုးရို့ နှင့် ပတ်သက်၍ “မြီပွီးနှင့် ရခိုင်ကို တပြိုင်တည်းတွိ့ လျှင် ရခိုင်ကို ဦးစွာသတ်” ဟု ပြောဖူးသည်။ အဂုတဖန် သူ့ သမီး အောင်ဆန်းစုကြည် ရခိုင်ကို စည်းရုံးရေးခရီးတွင် ပါတီအတွင်း မိန့် ခွန်းတခုတွင် “ကျမတော့ ရခိုင်တွေကို ချစ်မိသွားပြီ” ဟု ဆိုလာပြန်သည်။ အဖက မီးတိုက်၊ သမီးက ရီလောင်းခံသော ရခိုင်ရို့  မည်သို့ မှ မယုံနိုင်ဒေါ့။ ကျွန်ဘ၀၏ နာကျဉ်းစရာ၊ ခါးသီးစရာ အတွိ့ အကြုံများကို အကြိမ်ပေါင်းများစွာ ခံခရကာ ဗမာရို့ ဖေါ်စပ်သော ဆီးခါး၊ ဆီးချိုအမျိုးမျိုးကိုလည်း သောက် ခဖူးဗြီ။ ထို့ ကြောင့် အမြဲတမ်းအလိမ် မခံရအောင် သမိုင်းသင်ခန်းစာ ယူဂတ်ရပါမည်။

သယံဇာတပေါကြွယ်ဝသော ရခိုင်ပြည်နှင့် ဆင်းရဲနွမ်းပါးနီသော ရခိုင်လူမျိုး
အဂုအခါ ရခိုင်ပြည်တွင် အရှိတောင်အာရှတွင် အကြီးမားဆုံးသော သဘာဝဓါတ်ငွေ့ တွင်းများအား တွိ့ ဟိထား သည်။ ဗမာစစ်အစိုးကလည်း ထိုဓါတ်ငွေ့ တွင်းများကို နိုင်ဂံခြားကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းလျက်ဟိသည်။ ထိုဓါတ်ငွေ့ တွင်းမှ ရဟိသော ငွေကြေးဖြင့် ဗမာစစ်အစိုးရသည် အထက်ဗမာပြည်တွင် တံတားများ၊ စက်ရုံများ ဆီးရုံများလည်း တည်ဆောက်မည်။ ရခိုင်လူမျိုးများအတွက်မူ မဖြစ်စလောက်ကိုသာ ပီးကမ်း၍ ဖြီသိမ့်မည်။ ဗမာ့ မာယာအတွင်း မသက်ဆင်းရေး ရခိုင်သားများသတိထားဂတ်ရမည်။ ရခိုင်ပြည်ကို ချော့တခါ မြှောက်တလှည့် အုပ်ချုပ်နီသည်ကို မမိဖို့ လိုသည်။ အဂုလည်း သယံဇာတပေါကြွယ်ဝသော ရခိုင်ပြည်တွင် ကမ္ဘာကြီး၏ လိုအပ် သောစွမ်းအင် ဂတ်စ် (Gas) ထွက်လျက် ဟိသည်။ သို့ သော် ရခိုင်သားရို့ မှာ ဆင်းရဲတွင်းနက်သထက်နက်လာ ဗြီး ရခိုင်ပြည်ကို စွန့် ခွာကာ နယ်မြီရပ်ခြားများတွင် ၀မ်းစာအတွက် ရုန်းကန်နီဂတ်ရသည်။ ရခိုင်လူမျိုးအတွက် အကျိုးအမြတ်လည်း တခုလည်း မဟိသော စစ်အစိုးရ၏ ရခိုင့်ရွှေစီမံကိန်းသည် ဗမာ့အကျိုး လက်တဆုပ်စာ ဗိုလ် ချုပ်ရို့ အတွက်သာ ဖြစ်သည်။ ထို့ ကြောင့် ရခိုင့်သယံဇာတ ရခိုင်သားရို့  သုံးစွဲခွင့်ရရေးသည် အရေးကြီးဆုံးဖြစ် သည်။ အဂုတွိ့ ဟိထားသော သဘာဝဓါတ်ငွေ့ အားရောင်းချ၍ ရမည့်ငွေကြေးသည် ရခိုင်ပြည်အား ကမ္ဘာ့အဆင့် မီ နိုင်ဂံတနိုင်ဂံအဖြစ် ထူထောင်နိုင်သည်ကို ရခိုင်ပြည်သူလူထု အားလုံး စွဲမှတ်ထားရပါမည်ဖြစ်သည်။

၂၀၀၇ စက်တင်ဘာတော်လှန်ရေးနှင့် ရခိုင်အမျိုးသားများ
မြန်မာနိုင်ဂံစစ်အာဏာရှင်တိုက်ဖျက်ရေးတွင်လည်း ရခိုင်သူ၊ ရခိုင်သားများသည် ရှိတန်းမှ မားမားမတ်မတ်ရပ် တည်တိုက်ပွဲဝင်ခဂတ်သည်ကို မည်သူမျှ ငြင်းပယ်၍ မရနိုင်ပါ။ ၂၀၀၇ စက်တင်ဘာတွင် ဖြစ်ပွားသော စစ်အာ ဏာရှင်စနစ်တိုက်ဖျက်ရေးတွင်လည်း ရခိုင်သူ၊ ရခိုင်သားများသည် ရှိတန်းမှ မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင် ခဂတ်သည်။ ရခိုင်ပြည်တွင်သာမက မြန်မာနိုင်ဂံအနှံတွင် ရခိုင်ဖုန်းဂြီး၊ သံဃာများနှင့် ရခိုင်လူမျိုးများသည် ကျရာ ကဏ္ဍတွင် ဗမာစစ်အာဏာဝါဒီများအား ရွပ်ရွပ်ချွံချွံတွန်းလှန် တိုက်ပွဲဝင်ခဂတ်သည်။ ဖမ်းဆီးသတ်ဖြတ်မှုများ၊ အ သက်ပီးလှူရမှုများလည်း ဟိခသည်။ သို့ သော် ရခိုင်လူမျိုးများသည် အမှန်တရားအတွက် အန်တုနီဆဲဖြစ်သည်။ ဆက်လက်၍လည်း တိုက်ပွဲဝင်လျှက် ဟိသည်။ အဂုအချိန်ကာလသည် ဗမာစစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဖြစ်သောကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးသည် ဘုံလုပ်ငန်းစိုင် ဖြစ်သည်ကို နှလုံးသွင်းကာ ဘုံရန်သူ ဘုံရန်သူမှန်းသိသိဖြင့် တိုက်ခိုက်လျှက် ဟိပါသည်။ ထို့ ပြင် ရခိုင်လူမျိုးများသည် တပြိုင်နက်တည်း တိုက်ပွဲဝင် လားရမည်မှာ ဗမာလူမျိုးကြီးဝါဒတိုက်ဖျက်ရေးနှင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးဖြစ်သည်ကို နှလုံးမူထားရန် အထူးအရေးကြီးပါသည်။ ရှေးအယင်က ရခိုင်လူမျိုးများ၏ ဘုံရန်သူ အင်္ဂလိပ်၊ ဂျပန်များကို တိုက်ခိုက်စိုင်အခါက ဗမာလူမျိုးများ၏ ကျွန်ပုန်းကိုလိုနီအဆင့်ကို သွပ်သွင်းခြင်းခံရကာ ရခိုင်နိုင်ဂံရေး၊ ရခိုင်အမျိုးသားလွတ်မြောက် ရေး တိုက်ပွဲများ မှေးမိန်လားခရသည်ကို အတိတ်သင်ခန်းစာများတွင် တွိ့ ဟိခဗြီးဖြစ်သည်။ ထို့ ကြောင့် စစ်အာ ဏာရှင်စနစ်တိုက်ဖျက်ယင်း အမျိုးသားလွတ်မြောက်ရေးလုပ်ငန်းအား ပူးတွဲလုပ်ဆောင်ရန်လည်း အထူးအရေး ကြီးပါသည်။ သို့ မှသာ ရခိုင်လူမျိုးများ လိုလားတောင့်တနီသော လွတ်မြောက်ရေးပန်းတိုင်အား လှမ်းယူနိုင်မည်။

အလိမ်အညာများနှင့် နအဖ၏ ၂၀၀၈ ဖွဲ့ စည်းပုံ
၂၀၀၈ ခုနှစ် မေလ (၁၀)ရက်နိတွင် ဗမာစစ်အစိုးရအလိုကျ ကျင်းပခသော ဖွဲ့ စည်းပုံအခြီခံဥပဒေအတွက် ပြည်သူ့ ဆန္ဒခံယူပွဲကိုလည်း အလိမ်အညာများဖြင့် အဓမ္မအတည်ပြုထားသည်မှာ ဗမာစစ်ဝါဒီများ သက်ဆိုးရှည်ရန် အတွက်သာဖြစ်သည်ကို မြန်မာပြည်သူများ အသိပင်ဖြစ်သည်။ စစ်အုပ်စုလားနီသည့် လမ်းပြမြီပုံ (၇)ချက်အ တိုင်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည်လည်း ဗမာစစ်အစိုးရကြီးစိုးချယ်လှယ်ရေးသာ ဖြစ်လိမ့်မည်။ ရခိုင်ရို့ လုပ်ရမည်မှာ မိမိရို့ ပန်းတိုင်ကို မျက်ခြီမပျက် အခွင့်သာတိုင်း တိုက်ပွဲဝင်လားရမည်ဖြစ်သည်။

၂၀၀၉ ဒီဇင်ဘာ (၃၁)နှင့် ကျွန်သက်တာရှည် ရခိုင်ပြည
၂၀၀၉ ခု ဒီဇင်ဘာလ (၃၁)ရက်နိသည်ကား ရခိုင်လူမျိုးများ၏ အချုပ်အချာအာဏာ ကျဆုံးခသော (၂၂၅)နှစ် မြောက် ၀မ်းနည်းအောက်မိဖွယ်နိတနိ ဖြစ်သည်။ ငါရို့ ရခိုင်လူမျိုးများသည် ကျွန်ဘ၀၏ ခါးသီးသော အတွိ့ အကြုံ၊ နယ်ချဲ့ များ၏ မာယာပရိယာယ်များကို စတည်းကာ သင်ခန်းစာရယူခဗြီ။ ငါရို့ သည် တိုင်းခြားသားများ လက် အောက်တွင် ကျွန်မခံလိုသောကြောင့် ငါရို့ ရခိုင်အမျိုးသားများ၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို ဆင် နွဲခဂတ်သည်။ ငါရို့ ရခိုင်လူမျိုးများသည် အဖရခိုင်ပြည်အား ကျွန်ဘ၀မှ လွတ်မြောက်ကာ ပိုမိုသာယာဝပြောသော တိုင်းပြည်ဖြစ်အောင်၊ ပိုမိုတရားမျှတသော တိုင်းပြည်ဖြစ်အောင် ကြံဆောင် မျှော်မှန်းကြိုးပမ်းခဂတ်သည်။ ငါရို့ အ မျိုးသားသူရဲကောင်းများသည် ရခဲလှစွာသော လူ့ ဘ၀ကို ငါရို့ အဖရခိုင်ပြည်နှင့် ရခိုင်အမျိုးသားများအတွက် ပီး လှူခဂတ်သည်။ သို့ သော် ငါရို့ ၏ ရခိုင်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကား အဆုံးသတ်အောင်မြင်မှုကို မရ ဟိနိုင်ပါသိမ့်။ သို့ သော်ငါရို့ ၏ အမျိုးသားမျှော်လင့်ချက်ကား ပျောက်ကွယ် မလားရုံသာမက ပိုဗြီး မျှော်လင့်လာခ ဂတ်သည်။ ဘ၀တလျှောက်လုံး ကြီးမားတိုးတက်သော ပြောင်းလဲချက်ကြီးကို မျှော်လင့်တောင့်တနီခဂတ်သည်။ ဗမာစစ်ဝါဒီများ၊ ဗမာလူမျိုးကြီးများကလည်း ငါရို့ ၏ အမျိုးသားရေး စိတ်ဓါတ်၊ နိုင်ဂံရေးစိတ်ဓါတ်၊ တော်လှန်ရေး စိတ်ဓါတ်များ နိုးကြားလာရေးကို အထူးကြောက်ရွံ့ နီဂတ်သည်။ ထို့ ကြောင့် ငါရို့ ၏ တော်လှန်ရေး မရင့်မှည့်မီ အချိန်ကတည်းက ဖြိုခွဲခဂတ်သည်။ ရင့်မှည့်လာခလျှင်လည်း စနစ်တကျ ၀င်ရောက်ထိုးနှက်ဖြိုခွင်းခဂတ်သည်ကို ငါရို့ ရခိုင်အမျိုးသားများ တွိ့ ကြုံခရဗြီးဖြစ်သည်။ ငါရို့ ရခိုင်အမျိုးသားများသားများသည် ဗမာနယ်ချဲ့ ၊ အင်္ဂလိပ် နယ်ချဲ့ ၊ ဖက်ဆစ်ဂျပန်နယ်ချဲ့ ၊ ဗမာလူမျိုးကြီးဝါဒ၊ ဗမာစစ်အာဏာရှင်ဝါဒရို့ အား သမိုင်းအစိုင်အဆက် တိုက် ထုတ်ခဂတ်သည်။ မိတ်ဆွေဟန်ဆောင်ထားသော ရန်သူများကိုလည်း ငါရို့ ၏သမိုင်းတလျှောက်တွိ့  ဟိရ ဗြီး ဖြစ် သည်။ နယ်ချဲ့ များသည် သူရို့  ပန်းတိုင်အောင်မြင်ရေးအတွက် ငါရို့ ရခိုင်အမျိုးသားများကို အသုံးချခဂတ်သည်။ လိုရာပန်းတိုင်ရောက်လျှင် ငါရို့ အား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဂတ်သည်။ ဗမာနယ်ချဲ့ များ၊ ဗမာလူမျိုးကြီးဝါဒီများကြောင့် ငါရို့ ရခိုင်သမိုင်းလည်း ပျောက်ခရသည်။ ငါရို့ ၏ စာပီယိုင်ကျေးမှု၊ အနုပညာများ လည်း ဗမာမှုပြုခံနီရသည်။ သမိုင်းကြောင်းအရ ငါရို့ ရခိုင်လူမျိုးများသည် သီးခြားသမတနိုင်ဂံ အဆင့်ဟိပါလျှက် မဟာဗမာများကြောင့် “ပြည်နယ်” အဆင့်ပင် မရဟိခပါ။ အဂုငါရို့ ကို ပီးထားသော “ရခိုင်ပြည်နယ်” ဆိုသည်မှာ လည်း နိုင်ဂံရေးအရ ပြည်နယ်အဆင့် မဟိချေ။ ငါရို့ အဖိုး၊ အဘောင်များသည် ဗမာလူမျိုးများနှင့် လက်တွဲကာ ဗမာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဂတ်သော်လည်း အမှန်တကယ် လွတ်လပ်ရေးရသောအခါ ရခိုင်လူ မျိုးများမှာ လွတ်လပ်ရေးမရ။ “ပြည်နယ်” အဆင့်ပီးရန် တောင်းခံသောအခါလည်း မျက်နှာငယ်ငယ်ဖြင့် တောင်းခံ ခရသည်။ သို့ သော်စစ်မှန်သော ပြည်နယ်အဆင့် မရရှိခပါ။ ရခိုင်လူမျိုးများ၏ နိုင်ဂံရေးအဆင့်အတန်းကို အားတ ဖြည်းဖြည်းနိမ့်ကျအောင် ဆောင်ရွက်ခဂတ်သည်။ “သီးခြားသမတနိုင်ဂံအဆင့်မှ ပြည်နယ်” “ပြည်နယ်အဆင့်မှ တိုင်းအဆင့်” “တိုင်းအဆင့်မှတဖန် လူနည်းစုအဆင့်” ထိ တဆင့်ဗြီးတဆင့် ကျဆင်းလားအောင် ဗမာလူမျိုးများ စနစ်တကျဆောင်ရွက်ခဂတ်သည်။ ထို့ ကြောင့် ငါရို့ ရခိုင်လူမျိုးများသည် ငါရို့ ၏ သမိုင်းကြောင်းကို နားလည်ရန် အထူးအရေးကြီးသည်။ ရခိုင်လူမျိုးများ၏ လက်ဟိအဆင့်နီရာကို သိဟိထားရန် လိုအပ်သည်။ ရခိုင်လူမျိုးများ သည် ကျွန်ဘ၀တွင် ကျရောက်နီသည်ကို မိပျောက်မလားအောင် သတိထားဂတ်ရမည်။ ငါရို့ ၏ ဆုံးရှုံးလားသော “ရခိုင့်အချုပ်အချာအာဏာ”ကို ငါရို့ လက်ထဲ ပြန်လည်ရဟိရေးသည် ရခိုင်လူမျိုးများ၏ သမိုင်းပီးတာဝန်ဖြစ်သည်။ အချုပ်အချာအာဏာကျဆုံးခြင်းကြောင့် သူ့ ကျွန်ဘ၀၏ ဆိုးမွီများကို ငါရို့ သိဟိခဗြီး ဖြစ်သည်။ ထို့ ကြောင့် အချုပ်အချာအာဏာ ရဟိမှ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရဟိမည်ဖြစ်သည်။ ထို့ ကြောင့် အချုပ်အချာအာဏာ သည် ရခိုင်လူမျိုးများ တိုက်ယူတည်ဆောက်ရမည့် အလိုအပ်ဆုံးအရာ ဖြစ်သည်။

ရခိုင်အမျိုးသားလွတ်မြောက်ရေး မည်သူကူညီမည်နည်း။
ရခိုင်အမျိုးသားလွတ်မြောက်ရေးကို မည်သည့်နိုင်ဂံ၊ မည်သည့်လူမျိုးမျှ ကူညီလိမ့်မည်မဟုတ်။ ရခိုင်ပြည်၏ ပြဿ နာကို ရခိုင်ပြည်သူများကသာ ကိုယ့်အားကိုယ်ကိုးဗြီး ကြိုးပမ်းတိုက်ခိုက် လားရမည်ဖြစ်သည်။ ထိုကဲ့သို့  ကြိုးပမ်း တိုက်ခိုက်ရာတွင် စိတ်ဓါတ်ကြံ့ခိုင်မှု၊ တည်ကြည်ဖြောင့်မတ်မှု၊ မျိုးချစ်စိတ် ပြည့်ဝမှု ဟိမှသာ ရခိုင်လူမျိုးရို့ လိုလား
တောင့်တနီသော လွတ်လပ်ရေးကို ရဟိမည်ဖြစ်ပါသည်။

ဗမာလူမျိုးကြီးဝါဒီရို့ သည် ရခိုင်ပြည်သူတရပ်လုံး စိတ်ဓါတ်ကျဆင်းဗြီး အရှုံးပီးအညံ့ခံလာအောင် နှစ်ပေါင်းများစွာ ကဗင် ဖန်တီးလုပ်ဆောင်ခဂတ်သည်။ သို့ သော်လည်း ရခိုင်လူမျိုးများအနီဖြင့် မိမိရို့ ၏ ရပိုင်ခွင့်ဟူသမျှကို မရ ရအောင် ယူမည်ဟု ဆုံးဖြတ်သော တနိမှာ မည်သည့်လက်နက်၊ မည်သည့်အကြမ်းဖက်မှုကမှ တားဆီးချေဖျက် လို့  ရလိမ့်မည် မဟုတ်ပါ။ ရခိုင်လူမျိုးရို့ ၏ တုန်လှုပ်ချောက်ချားစရာ၊ ၀မ်းနည်းကြွီကွဲစရာ အခြေအနေကို မသိမ မြင်သောသူများအတွက် အထက်သဘောတရားများသည် အီးတိအီးစက် မလီးနက်ဘဲ ဟိကောင်းဟိပါလိမ့်မည်။ သို့ သော် “ သမိုင်းက သက်သီပြခပါဗြီ။”။

မတရားလုပ်ရပ်များအား တော်လှန်ခြင်းသည် တရားနည်းလမ်းကျသည်။
ဗမာစစ်အာဏာရှင်များ၊ ဗမာလူမျိုးကြီးဝါဒီများသည် ငါရို့ အား အမျိုးမျိုးဖိနှိပ်ခသည်။ ရက်စက်ခသည်။ ငါရို့ ရခိုင် လူမျိုးများအား လူသားများအဖြစ်ပင် သဘောမထားဘဲ ငါရို့ အခွင့်အရေးများကိ လုယူချိုးဖေါက် လျှက်ဟိသည်။ ထို့ ကြောင့် ငါရို့ ရခိုင်အမျိုးသားများသည် ငါရို့ ကို ရက်စက်ချေမှုန်းနီသော ဗမာစစ်ဝါဒ၊ ဗမာလူမျိုးကြီါးဒရို့ ကို အမြစ်ပြုတ်အောင် တိုက်ထုတ်လားရမည်။ ငါရို့ ၏ တိုက်ပွဲသည် သမိုင်းကတောင်းဆိုသော၊ တရားသောစစ်ပွဲ ဖြစ် သည်။ ငါရို့ နီထိုင်ရာ ရခိုင်ပြည်၊ ငါရို့ နီထိုင်ရာ ကမ္ဘာမြီလှပသာယာရေးအတွက် ဤစနစ်ဆိုးအား ရရာလက်နက် ကို စွဲကိုင်တော်လှန်ဂတ်ရမည်ဖြစ်သည်။ “သမိုင်းက ငါရို့ တိုက်ပွဲအား အဆုံးအဖြတ် ပီးလိမ့်မည်။”

ရခိုင်ပြည်သူအပေါင်းရို့ အနီဖြင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင် အသက်ပီးလှူခဂတ်သော အာဇာနီ သူရဲကောင်းများအား ဦးညွှတ်အလေးပြုဂတ်ပါ။ သူရို့ ၏ စစ်မှန်သော တော်လှန်ရေးခရီးကို ငါရို့ ဆက်လက် လျှောက်လှမ်းဂတ်ပါမည်။ ငါရို့ ၏ အချုပ်အချာအာဏာကို ငါရို့ ရခိုင်အမျိုးသား လက်ထဲရောက်ဟိအောင် ငါရို့ ၏ သွီး၊ ချွေး၊ ဇွဲများကို ပီးဆပ်ဂတ်ပါမည်။

ရခိုင်မျိးချစ်သူရဲကောင်းများ ကောင်းရာသုဂတိသို့ ရောက်ပါဇီ။
ရခိုင်ပြည် ကျွန်ဘ၀မှ လွတ်မြောက်နိုင်ပါဇီ။

* * * * * * * * * * * * * * * * * * * * * * * * * *

ရခိုင်အောင်လံတော်



ရခိုင်ထီးရိုးနန်းနီ မင်းအပေါင်ရို့ ၏ ရွှေနန်းဥက္ကသံနန်းမဆောင်ဦး၌ အမြဲစိုက်ထူထားအပ်သော အောင်လံတော်ကြီး ၏ အကြောင်းအခြင်းအရာ ဟူသမျှကို အခါအခွင့်နှင့် ကြုံကြိုက်စွာ ပုရာဏ်ကျမ်း၊ ရာဇာသေနင်္ဂဗျူဟာကျမ်း၊ ဗျူ ဟာ စက္ကိကျမ်း၊ ဗျူဟာစစ်ချီကျမ်းရို့ မှ ဗဟုသုတဖြစ်စီခြင်းငှာ အနည်းငယ်ဖေါ်ပြပါမည်။

(၁) အောင်လံတော်၏ အတိုင်းအတာကား အလျား (၉) တောင် အနံ (၆)တောင် တိတိ ဟိသည်။ ထိုထက်ငယ်
စေလိုလျှင် အ၀က်ကျ အတိုင်းအတာပြု၍ သုံးခသည်။
(၂) အရောင်အဆင်းမှာ အနီနှင့်အဖြူစပ်၍ ပြုဂတ်သည်။ အဖြူရောင်ကို အထက်ပိုင်းတွင်ထား၍ အနီရောင်ကို
အောက်ပိုင်း၌ ထားသည်။
(၃) အမှတ်အသားမှာ အထက်အောင်လံတော်၏ ထောင့်စွန်းအဖြူရောင်ပေါ်တွင် သိန္ဓ၀မြင်းပျံတခု၊ ၄င်းအဖြူ
ရောင် ကျန်တဖက်နားပေါ်တွင် နာဂဆဒ္ဒန်ရုပ်တခု၊ အောက်ဖက်အနီရောက်ပေါ်တွင် ခြင်္သေ့ရုပ်တခုပါ ဟိ
သည်။ တဖက်စွန်းတွင်မူ ပဉ္စရူပံရုပ်တခုပါသိမ့်သည်။ ကျောဖက်တွင် မိမိရို့  ပိုင်ဆိုင်သော နယ်နိမိတ် တိုင်း
ပြည်နိုင်ဂံကို ဖေါ်ပြသည်။ နယ်နိမိတ်ရို့ မှာလည်း မင်းတပါးနှင့်တပါး မတဲူ တန်ခိုးဟိလျှင် ဟိသည့်အလျောက်
အကျဉ်းအကျယ်ကိုလိုက်၍ ပြုလုပ်ရသည်။ နယ်နိမိတ်ရို့ ၏ အတိုင်းအတာ အကွာအဝေးကို တရာ့ရှစ်ပါဒ ဟိ
သော ရခိုင်အောင်လံတော်ရတုတွင်လည်းကောင်း၊ သာစွလေချီလင်္ကာတွင်လည်းကောင်း၊ ရခိုင်မဟာရာဇ၀င်
တွင်လည်းကောင်း တွိ့ နိုင်သည်။
(၄) အောင်လံတော်၏ အရိုးမှာ ၀ါး (သို့ မဟုတ်) ပြ၀ါခေါ် သစ်တမျိုးဖြစ်သည်။ အမြင့်မှာ (၂၇)တောင်ဖြစ်၍
သတ္တပီသကျယ်ပြုလုပ်ရသည်။ ၀ါးမှာ ကြသောင်းဝါးကို သုံးသည်။
(၅) အောင်လံတော် စိုက်ထူရာဌာနမှ ရွှေနန်းမဆောင်တော်ကြီး၏ အရှိဖက် န၀ရတ်ကိုးသွယ်စီခြယ်သော မှန်စဲ
မျှော်ဆောင်တော်ဦး၏ ထိပ်ထက် ထီးမစိုက်ခုံတွင် တင်၍လွှင့်ထူရသည်။
(၆) အောင်လံတော်ကို အချိန်ကာလ အကန့် အသတ်မဟိ လွှင့်ထူစိုက်ဆောက်သည့်နိမှစ၍ စုတ်ပြဲဟောင်းနွမ်း
သည့်တိုင်အောင် နုတ်မချွတ်စကောင်း၊ မချမတင်စကောင်း အမြဲဗင် ထားရသည်။
(၇) အောင်လံတော်၏ အဓိပ္ပာယ်မှာ ရက္ခိုင်၊ ရက္ခိတဟူသောဂုဏ်ပုဒ်ဖြင့် စောင့်ရှောက်ခြင်း အနက်ကြောင့်လည်း
ကောင်း၊ ဖြူစင်သော သီလ၊ မြင့်မြတ်သော မျိုးရိုးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဝေသီယမျိုး၊ သုဒ္ဓိယမျိုးရို့ 
ထွန်းကားပေါ်ပေါက်ရာဖြစ်သော မျိုးရိုးဖြစ်၍လည်းကောင်း၊ ရခိုင်ရို့ ကျင့်သုံးထုံးဆိုစသည့် စကားအရ မျိုးရိုး
ကို သီလဖြူစင်စွာစောင့်ရှောက်ခခြင်းကြောင့် အဖြူရောင်ကို အပေါ် (အထက်)က တပ်ရသည်။ အနီရောင်
မှာ အသမ္ဘီန္န၊ ခတ္တိယ၀ံသ၊ သကျသာဂီယ၊ ဗြဟ္မာနွယ်မျိုးရိုးရို့ မှ ဆင်းသက်လာသော အနွယ်တော်ဖြစ်၍
ဖေါက်ပြန်တတ်သော သွီးမဟိ၊ ပကတိနီမြန်းသော သွီးအဆင်းသာဟိသောကြောင့် အနီရောင်ကို တပ်ဆင်
ရသည်။ သိန္ဓောမြင်းရို့ မည်သည်မှာ ကွေ့ ကောက်၍ လားခြင်းမဟိ၊ တည့်မတ်ဖြောင့်စင်း၍ လားတတ်သော
သဘောကြောင့်လည်းကောင်း၊ ဆဒ္ဒန်မျိုးမည်သည် ဖြူသောအဆင်းမှတပါး ဆင်မဲကို မွီးဖွားခြင်းမဟိ။ ဖြူရာ
မှ မည်းလာသည်ဟူ၍လည်း မဟိ၊ ပကတိသော အဆင်းကို အခါခပ်သိမ်းမစွန့် သောကြောင့်လည်းကောင်း၊
ကေသရာဇာခြင်္သေ့ရို့ မည်သည်မှာ တောသုံးထောင်ကို ထီမထင်သကဲ့သို့ လည်းကောင်း၊ ထို့ သို့ သဘော
ဖြင့် ပြည့်စုံသော သတ္တ၀ါသုံးဦးရို့ ဖြင့် အရုပ်ဖြင့်လည်းကောင်၊ ဖြူနီရောင်နှစ်ခုဖြင့်ပေါင်း (၅)ခုသော ရူပရုပ်ရို့ 
ကိုဆောင်သော ပဉ္စရုပ်ရို့ ဖြစ်၍ ပဉ္စရူပရုပ်ကို တပ်ဆင်ရသည်။
ဆရာကြီး ဦးဦးသာထွန်း(ရခိုင်-မြန်မာ ပဏ္ဍိတ်)
(ရခိုင်တန်ဆောင် ဆောင်းပါးများ ဦးဦးသာထွန်း စာအုပ်မှ ကူးယူဖေါ်ပြပါသည်။)

* * * * * * * * * * * * * * *


“ကျွန်းတွင်ဇမ္ဗူ၊ လူတွင်ရခိုင် ကြိုင်ဘိသတင်း၊ ကင်းသည့်အပြစ်၊ ချစ်သည့်အမျိုး၊ ကြိုးသည့်လုံ့ လ၊ မြတ်စာဂနှင့်၊
နှစ်ဝနတ်လူ၊ ချစ်ကြည်ဖြူသည်၊ နိဗ္ဗူဆုတောင်း၊ ပြည့်အံ့တည်း။”

(ဗုဒ္ဓ၀င်လင်္ကာမှ)

“အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရခိုင်နာမ၊ ဘွဲ့ မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်ရာသည်။”
(နာဂိန္ဒမော်ကွန်းမှ)

ကျွန်ဘ၀တွင် ဖဲ့ပီးလိုက်ရသော ရက္ခဌာနီ
ပထမ အင်္ဂလိပ်-ဗမာစစ် (၁၈၂၄-၂၆)အဗြီး ခရစ်နှစ် (၁၈၂၄) ခုနှစ် ဖေဖေါ်ဝါရီလ (၂၄)ရက်နိတွင် ဗြိတိသျှနှင့် ဗမာဘုရင်ရို့ ရီးထိုးခသော ရန္တပိုစာချုပ်အရ ရခိုင်ပြည်၏နယ်နိမိတ်တွင် အဂုပလက်ဝခရိုင်ခေါ် ရခိုင်ပြည်မြောက် ပိုင်း တောင်တန်းဒေသ၊ ရခိုင်ရိုးမအရှိဖက်အကျဆုံးတောင်တန်း၏ အမြင့်ဆုံးအပိုင်း၊ တောက်ဖက်၌ အဂုဧရာဝတီ တိုင်းအတွင်းပါဝင်သော င၀န်မြစ်ကြောင်းအရှိဖက်တလျှောက်၊ ယင်းမှတဆင့် တောင်ဖက်အစွန်ဆုံး နာဂရီအငူ နှင့် ဟိုင်းကြီးကျွန်းရို့ ပါဝင်ခလီသည်။ ယင်းအရ ရခိုင်ကမ်းခြီ၏ အလျားမိုင်ပေါင်း (၄၈၀)ခန့် ရှည်လျားခသည်။ ဤရန္တပိုစာချုပ်ကား ခရစ်နှစ် (၁၄၅၄)ခုနှစ်တွင် ရခိုင်ပြည်မြောက်ဦးခေတ်ဘုရင်နရနုနှင့် ဗမာပြည်အင်းဝဘုရင် မင်းခေါင်ရို့ အကြား နှစ်ဦးနှစ်ဖက် သဘောတူ သတ်မှတ်ထားခသော နှစ်နိုင်ဂံ နယ်နိမိတ်အား ပြန်လည်အသက် သွင်းခြင်းဖြစ်သည်။ ဤရန္တပိုစာချုပ်အရ ရခိုင်တိုင်း၏ နယ်နိမိတ် အကျယ်အ၀န်းမှာ (၂၁၆၉၄) စတုရန်းမိုင် ဟိ သည်။ သို့ ရာတွင် ရခိုင်တောင်ပိုင်းဒေသ ကျောက်ချွန်းမြစ်မှ နာဂရိအငူထိ ရှည်လျားသော နယ်မြီများအား ဗြိတိ သျှရို့ က အုပ်ချုပ်ရေးယန္တရား ပိုမိုလွယ်ကူရေးအတွက် ဒုတိယအင်္ဂလိပ်-ဗမာစစ် (၁၈၅၂)အပြီး ခရစ်နှစ် (၁၈၅၃) ခုနှစ်တွင် ပုသိမ်ခရိုင် (အဂုဧရာဝတီတိုင်း) အတွင်း ထည့်သွင်းထားခသည်။ ယင်းကြောင့် ရခိုင်ပြည်၏ နယ်နိမိတ် မှာ (၂၁၆၉၄)စတုရန်းမိုင်မှ (၁၈၉၄၅)စတုရန်းမိုင်ခန့် သို့  လျော့ကျလားလီသည်။

အိန္ဒိယ-ဗမာ ခွဲရေးတွဲရေးပြဿနာအဗြီး (၁၉၃၇) အင်္ဂလိပ်အက်ဥပဒေအရ နတ်မြစ်အနောက်ဖက်ကမ်း (၃၇)မိုင် ရှည်လျားသော နောက်ဖက်ကမ်းရိုးတန်းအား အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေးလက်အောက်သို့  သွတ်သွင်းလိုက် သောကြောင့် ရခိုင်ကမ်းရိုးတန်းအလျားမှာ (၄၈၀)မိုင်မှ (၄၃၃)မိုင်သို့ လျော့ဆင်းလားခသည်။ ထို့ ပြင် ဗမာပြည် လွတ်လပ်ရေးရဗြီး (၁၉၅၃)တွင် အဂု ပလက်ဝခရိုင်ဟုခေါ်သော ရခိုင်မြောက်ပိုင်းတောင်တန်းဒေသကိုလည်း ချင်းပြည်နယ်ထဲသို့  ဆွဲသွင်းခြင်းခံလိုက်ရသည့်အတွက် အဂုလက်ဟိကာလ ဗမာပြည်တွင် သတ်မှတ်ထားသော ရခိုင်ပြည်၏နယ်နိမိတ်အကျယ်အ၀န်းမှာ (၁၄၂၀၀) စတုရန်းမိုင်မျှသာ ကျန်ဟိဒေါ့သည်။

ဤကဲ့သို့  ကျွန်ဘ၀တလျှောက် ရခိုင်ပြည်အား ထင်သလို လိုက်ဖဲ့ပီးနီလျှင် နောက်ဆုံးတွင် ကိုယ်ပိုင်မြီဟုပင် ဟိဒေါ့မည် မဟုတ်ပါ။ ထို့ ကြောင့် ရခိုင်အချုပ်အချာအာဏာသည် ရခိုင်သားလက်ထဲတွင် ဟိရေးသည် အရေး ကြီးပါသည်။

ဗမာခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း၏ သီတမ်းစာ
(ဤသီတမ်းစာသည် ဗမာမျိုးချစ်ခေါင်းဆောင် သခင်ကိုယ်တော်မှိုင်း မကွယ်လွန်မီက ဗမာခေါင်းဆောင် အချို့  အား မှာကြားခသော သီတမ်းစာ ဖြစ်သည်။)

“ရခိုင်ကို အထင်သေးမိလို့  ဗမာဦးခေါင်း အနောက်ကို ညွန့် ခဲ့ရတယ်။ ဒီတော့ ရခိုင်ကို ဘယ်တော့ခါမှ အထင်မသေးနဲ့ ။ အတိတ်က ဖြစ့်ရပ်ကို ကြည့်ပြီး သတိထားရမယ်။ ရခိုင်တွေဟာ ရာဇ၀င်ကြီးသလောက် မာနကြီးတယ်။ ဘယ်သူ့ ကိုမှ အထင်ကြီးတဲ့ လူမျိုးမဟုတ်ဘူး။ သမိုင်းကြွေး မဆပ်နိုင်အောင်၊ နာလံမထူနိုင်အောင် မင်းတို့ တွေ စွမ်းဆောင်တတ်ရမယ်။

ရှမ်းဆိုတဲ လူတွေကလည်း တောင်ပေါ်မှာနေ တောင်ပေါ်သား။ သူတို့ အထက်ကဆိုရင် ငှက်ပျံသွားတာကိုတောင် မလိုချင်ဘူး။ မလျှော့တဲ ဇွဲ၊လုံ့ လဟာ ရှမ်းဒေသမှာ ရှိတယ်။ ဗမာတွေကို ရာဇ၀င်ကြည့်ပြီး ဓါးသွေးတိုက် ရမယ်ဆိုတဲ့ စကားပုံ တနေ့ နေ့ တော့ ဒီပြဿနာပေါ်လာမယ်။ တောင်ပေါ်သားဟာ တောင်ပေါ်သား အသိထက် မကျော်လွန်စေဖို့  ကြပ်ကြပ်သတိထားရမယ်။ ဘယ်သူဖြစ်ဖြစ် ကြီးထွားလာခဲ့ရင် ဗမာ့ရန်သူဘဲ။ ပြတ်သားတဲ့ နည်းကို ကျင့်သုံးရမယ်။

ကရင်ဆိုလဲ တို့ တတွေရဲ့  စိတ်မချနိုင်တဲ့ စကားပြောရင် ပြောသလို လုပ်တတ်တဲ့ ၀ါဒရှိတယ်။ ဒါဟာ ရန်သူတမျိုးဘဲ။ ဘ၀ကို မြေတောင်မြှောက်မပေးနဲ့ ။ လက်မြန်၊ ခြေမြန်ဝါဒရှိတယ်။ သတိလစ်ရင် လစ်သလို ဗမာတွေ အ သက်ရှူကျပ်လိမ့်မယ်။

ဓါးရှည် ဓါးချွန်တွေကိုကိုင်ပြီး ရေခဲတောင်ပေါ်မှာ ပျော်ပိုက်တဲ့ ကချင်တွေကလည်း မန္တလေးကိုတောင် သူတို့ မြို့  ဆိုပြီး တောင်ဘက်တခွင်ကို သူတို့ ဒေသဖြစ်ဖို့  ရည်မှန်းထားတယ်။ သူတို့ က ပင်လယ်ငါးကို စားမယ်တဲ့။ မင်းတို့  ဗမာတွေရဲ့  သခင်ဘ၀ကိုရောက်အောင် ဖန်တီးမယ်တဲ့။ ဘယ်လိုဖြစ်ဖြစ် ငါတို့ တတွေဟာ လက်ဦးထားဖို့  အရေးကြီးတယ်။ မညှာနဲ့ ။ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။

သမိုင်းရှည်ပြီးတိုးတက်ခဲ့တဲ့ မွန်တွေကလည်း ယနေ့ ဆို ဗမာအောက်မှာ ရောက်နေပေမယ့် ဒဂုံဆိုတာ မွန်စကား ဖြစ်လို့  ရန်ကုန်မှာ မွန်နန်းဆောက်မယ်တဲ့။ မွန်တွေရဲ့  သတ္တိကို ရွှေတိဂုံဘုရား သိစေရမယ်တဲ့။ ဆိုလိုတာက တော့ ရန်ကုန်ဆိုတာ မွန်ပြည်ဖြစ်ရမယ် ဆိုတာပါပဲ။ အတိတ်က သူပိုင်တယ်။ ငါပိုင်တယ် ဆိုတာဟာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လိုရှိနေသလဲ။ ရှိနေသလို ထိမ်းထားရမယ်။ မွန်ဆိုတာ သည်းမခံတတ်ဘူး။ မလို ရင် တော်လှန်တတ်တယ်။

ထားဝယ်ဆိုတဲ့ လူမျိုးကလည်း ရှိသေးတယ်။ သူတို့ ကတော့ လူနည်းစုတွေပဲ။ ဒါပေမယ့် အထင်သေးလို့ မရ ဘူး။ ငါတို့ နဲ့ သမိုင်းကြွေးရှိနေတယ်။ သူတို့ တွေဟာ တခြားတိုင်းရင်းသားတွေနဲ့ ပူပေါင်းပြီး ငါတို့ ဗမာတွေိကု အန္တရာယ်ပြုလာနိုင်တယ်။ ဒါကြောင့် ဒီကောင်တွေကို တခြားတိုင်းရင်းသားတွေနဲ့  မပူးပေါင်းမိအောင် မင်းတို့  ကြိုးစားရမယ်။ အကောင်းဆုံးကတော့ ထားဝယ်လူမျိုးတွေကို ပျူနဲ့ ကမ်းယံတွေလိုပဲ မျိုးပျောက်အောင် မင်းတို့  လုပ်ဆောင်ရမယ်။ ဆိုလိုတာက ငါတို့ ဗမာအမျိုးသားတွေဟာ ထားဝယ်အမျိုးသမီးတွေကို ရတဲ့နည်းနဲ့  သိမ်း သွင်းပြီး လက်ထပ်ယူရမယ်။ ရန်သူကို ကြီးသည်ဖြစ်စေ၊ ငယ်သူဖြစ်စေ ဘယ်တော့မှ အထင်မသေးကြဖို့ ငါမှာ ချင်တယ်။

ဒေါင်းအတောင်ခပ်ရင် တောရှင်းရမယ်။ ဘယ်သူ့ ကိုမှ ဒေါင်းအတောင်အောက်က မလွတ်စေရဘူး။ ဒေါင်းအလံ ကိုပဲ ငါသိတယ်။ ဒေါင်းကိုပယ်ရင် ဘာကိုမှ ငါမလိုလားဘူး။ ငါတို့  ဗမာတွေကလည်း သူတလူ ငါတမင်းနဲ့ ညီ ညွတ်မှု မရှိဘူး။ အချင်းချင်း ညီညွတ်မှု ရှိမှသာ သာယာမယ်။ ပုဂ္ဂိုလ်အချင်းချင်း မကျေနပ်တာကို နိုင်ငံရေးမှာ မရောထွေးသင့်ဘူး။

ဒါကြောင့် ငါမသေခင် နောက်ဆုံးမှာထားခဲ့ချင်တယ်။ ဒါကို ငါတို့ တတွေ မစောင့်ထိန်းရင် သူ့ ကျွန်ဖြစ်မယ်။ ဗမာဟာ ဗမာပဲ။ ကမ္ဘာမှာဗမာတွေ ရှိနေသရွေ့  ထာဝရရှင်သန်နေမယ့် ကတိတခု ငါတောင်းချင်တယ်။ မင်းတို့  ကတိပေးရင် ငါသေပျော်ပြီ။ သို့ မဟုတ်ရင် ငါမသေပျော်ဘူး။ တမလွန်ဘ၀ကလည်း ငါတို့ ဗမာတွေ ကျွန်ဖြစ်နေ တာကို ငါမကြည့်ချင်ဘူး။ ဗမာတွေ အချင်းချင်း ဘာတွေပဲဖြစ်ဖြစ် ဗမာ့လွတ်လပ်ရေးကို တခြား လူမျိုးတွေဆီ မရောက်စေဖို့  အရေးကြီးတဲ့အခါ ဗမာတွေအချင်းချင်း သွေးစည်းပြီး တပါးရန်ကို ကာကွယ်ရမယ်။ ဒီလိုအချိန်မှာ သူတလူ ငါတမင်း ၀ါဒကို စွန့် ရမယ်။ ”
* * * * * * * * * * * * * * *

“မဟိံသက မော်ကွန်းလင်္ကာ”
“မဟိံရန်သူ၊ ဖက်မပြုသား၊ သုံးလူထွဋ်ထား၊ မြတ်ဘုရား၏၊ကိုယ်စားရုပ်ဝါ၊ ခြောက်ရောင်ဖြာ၍၊ မဟာမုနိဘုရား ကြီးကို၊ ညွတ်ပြီးကော်ရော်၊ ရှိပူဇော်၍၊ ပင့်ခေါ်ပြီးမှ၊ ရက္ခပူရ၊ နန်းမဒေ၀ီ၊ မဟေသီနှင့်၊ အညီာသ၊ ရံမောင်းမကို၊ ယူကြစုပေ၊ ဆောင်ယူလေ၏ ။
သင့်နေဌာန၊ ရပ်ဒေသ၌၊ စောင့်ထားပြီးခိုင်၊ လက်နက်ကိုင်တို့ ၊ အနိုင်ပြုလျင်း၊ ရဲ မက်ချင်း၏၊ မြို့ တွင်းမှန်သား၊ မြို့ ပြင်များနှင့်၊ တိုင်းကားရဌံ၊ နဂရံဟု၊ နိုင်ငံအပေါင်း၊ တောမြို့ ကောင်း၌၊ ပုန်း အောင်းနေငြား၊ ရခိုင်သားကို၊ ယောက်ျားမိန်းမ၊ မလွတ်ရအောင်၊ ချိုင်နှောင်တန်းလန်း၊ ကျွဲနွားဖမ်းသို့ ၊ လိုင်ဂုတ် ကိုဖြတ်၊ အသီသတ်၏ ။
ချောမွတ်ရူပ၊ မိန်းမလှအား၊ ပဉ္စအာရုံ၊ ကာမဂုဏ်ဖြင့်၊ မြူးထူးစိမ့်ငှာ၊ ယူကြပါ၏၊ သူနာ သူအို၊ ကျိုးကန်းကိုကား၊ မလိုပိတ်ထား၊ တိုက်လုပ်ငြား၍၊ သွင်းထားအပြည့်၊ ယမ်းဆေးထည့်လျက်၊ မြေ့ မြေ့  ညက်ကြေ၊ မီးတိုက်စေ၏ ။
သေလေမကြွင်း၊ လူခပင်းကို၊ ချင်းချင်းကွေးကွေး၊ ယနေ့ မွေးသား၊ သားထွေးသားငယ် ၊ နုနုငယ်ငယ်တို့ ၊ ပြုံး ရယ်ရွင်ပြီ၊ မေ မသိကို၊ မွေးမိထံမှ၊ ယူပြီးမလျှင်၊ လက်နှင့်ကိုင်မြှောက်၊ ကောင်းကင်ရောက်မှ ၊ အောက်က တ ဖန်၊ ဓါးကိုလှန်၍၊ ခံပြန်ပြီးကာ၊ ပြုသည်မှာကြောင့်၊ ကျကာမလွှဲ၊ ရဲရဲသွေးစက်၊ အအူထွက်၏ ။
တစ်ချက်မြေ၌၊ လှံကိုစိုက်၍၊ ခံလိုက်တံကျင်၊ ဖင်က၀င်၏၊ နှစ်လိုပျော်ပါး၊ လင်မယားကို၊ ပေါင်းကြအတူ၊ မထားမူ ၍၊ ဆွဲယူရိုက်သတ်၊ နားကြိုးတတ်လျက်၊ ပူးပြွတ်ချိုင်နှောင်၊ ကြက်ကိုလှောင်သို့ ၊ ပုံဆောင်ပမာ၊ ယူကြပါ၏ ။
များစွာခုတ်ထစ်၊ သတ်၍ပစ်လျက်၊ အချစ်ဝါသနာ၊ မဟိပါငြား၊ ပျူအောက်သားသည်၊ စကားမုသားဝါဒီတည်း၊”
ဟူ၍ မျက်မြင်ကိုယ်တွိ့ ကို ရခိုင်ပညာရှိများ မှတ်တမ်းတင်ထားခဂတ်သည်ကို လေ့လာခြင်းအားဖြင့် အမှန်မုချ ရခိုင်လူမျိုးများကို မျိုးပြုန်းအောင် ဗမာပဒေသရာဇ်များက လုပ်ဆောင်ခဂတ်သည်မှာ ထင်ရှားပါသည်။

* * * * * * * * * * * * * * *

မြို့ သူကြီးအောင်ကျော်ဇံရတု
“ဥဒါန်းမကြေ၊ ဖြစ်ရလေခြင်း၊ တိုင်းပြည်ကိုကြံ၊ အောင်ကျော်ဇံမှာ၊ ကြံကာဖွေနှောက်၊ တကျိပ်ခြောက်တို့ ၊ ယွင်း ဖေါက်သစ္စာ၊ သူတို့ မှာကား၊ ၀မ်းစာစားကွက်၊ တစ်ထပ်တွက်ကို၊ တစ်သက်စာထင်၊ ခွေးအမြင်ကြောင့်၊ တိုင်းခွင် သာစည်၊ ငါတို့ ပြည်လည်း၊ သူ့ ပြည်ဖြစ်ရ၊ ၀မ်းနည်းစွာတည်း၊ မိဘဆရာ၊ ပေါရဏတို့ ၊ ဝေါဟာထုံးဟောင်း၊ လူဘူးဒေါင်းကို၊ မပေါင်းဖေါ်ရာ၊ ဆိုတုံပါလည်း၊ မေ့ကာသတိ၊ ပေါင်းဖေါ်မိ၍၊ လက်ရှိဒုက္ခ၊ ငါကြုံရ၏၊ ဘ၀တစ် ခေတ်၊ လူပြန်ဖြစ်က၊ အသစ်ပင် ကြံစည်ချင်သည်၊ ဘယ်တွင် မမေ့နိုင်သောကြောင့်။”

ဒိုးဝန်းကြီး အောင်ကျော်ရွှီရတု
“နောက်သားနောင်လာ၊ နောက်ထပ်ပါလည်း၊ ဆရာသုံးလက်၊ ရှေ့ ကတတ်၍၊ အသက်ခန္ဓာ လူတို့ မှာကား တစ်ခါ တရံ အဖိုးတန်၏၊ တစ်ခါတစ်ရံ၊ ဆိုတုံပါလည်း၊ သူသာလာလျက်၊ ဖိနှိပ်စက်က၊ အသက်တိုခါ၊ တိုးမရာရှင့် (စိုးမရရှင့်)၊ ဓမ္မလမ်းမှန်၊ ကျင့်ကြောင်းကြံလျက်၊ တံစိုးကိုစား၊ လိမ်လည်ထားသော်၊ နောက်သားတဖန်၊ သည်းမခံ နှင့်၊ နိုင်ငံတကာ၊ ဟူဟူရာ၌၊ ပညာနှင့်ဥာဏ်၊ သင့်စွာဖန်၍၊ တာဝန်မပျက်၊ သစ္စာရွက်လျက်၊ အသက်ကိုလှီး၊ သွေး ချောင်းစီးမှ၊ အပြီးကြံ့ခိုင်၊ နိုင်ငံတိုင်းမြို့၊ အစို့ စို့ နှင့်၊ ကိုယ့်မြို့ကိုယ့်မြေ၊ ကိုယ့်ဌာနကို၊ ရမည်မုချ၊ ဤလောကလည်၊
အောက်ကျမခံချင်သောကြောင့်။

ရခိုင့်အာဇာနီ မင်းသားကြီးရွှေဘန်း ရတု
မင်းသားအမှန်၊ ငါလျှင်ကြံက၊ နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်၊ ကိုယ့်အသက်ကို၊ ရက်ရက်စွန့် ခွာ၊ ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း၊ ဘ၀ပြောင်းခဲ့၊ ဖြစ်ကြောင်းသံသာ၊ သတ္တ၀ါတို့ ၊ မှန်စွာမချွတ်၊ သူမသတ်လည်း၊ မလွတ်တစ်ခါ၊ သေအံ့ရာတည်း။ ကမ္ဘာမကြေ၊ သူတိုတွေလည်း၊ အတည်မစိုး၊ ငါ့မြေထိုးသော်၊ အရိုးတစ်ခါ၊ တွန်လိမ့်ရာ၏ ။ နောင်သားနောင်လူ၊ ရခိုင်သူတို့ ၊ အယူမပြောင်း၊ ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကို၊ တစ်ခါမုချ၊ ငါတို့ ရအံ့၊ လုံ့ လရှေ့ သန်၊ လူလျှင်ကြံက၊ နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်၊ စွဲမှတ် ဤစာ သေတမ်းတည်း။”

* * * * * * * * * * * * * * *

ရခိုင်လူမျိုးများအတွက် ၀မ်းနည်းအောက်မိဖွယ်နိရက်များ
ဆရာတော် ဦးဦးတ္တမနိ စက်တင်ဘာလ (၉) ရက်
သွီးစွန်းသော ဆန်ပြဿနာနိ ဩဂုတ်လ (၁၃) ရက်
ဆရာကြီး ဦးဦးသာထွန်းကျဆုံးနိ ဩဂုတ်လ (၁၄) ရက်
ရခိုင်အချုပ်အချာအာဏာကျဆုံးနိ ဒီဇင်ဘာလ (၃၁) ရက်


မှတ်ချက်။ ။ ဤစာတမ်းသျှေသည် (၂၂၃) နှစ်မြောက် ရခိုင်အချုပ်အချာအာဏာကျဆုံးခြင်း ၀မ်းနည်းအောက် မိဖွယ် အထိမ်းအမှတ်အဖြစ် ရခိုင်တော်လှန်ရေးအင်အားစုမှ ထုတ်ဝီသော စာတမ်းအား အဂုနှစ် (၂၀၀၉)ခု (၂၂၅) နှစ်မြောက်တွင် ရခိုင်ပြည်သူများ သိဇီခြင်းငှာ ပြန်လည်ရိုက်ကူးခြင်း အနည်းသျှေ ပြုပြင်ထားခြင်းဖြစ်သည်။


တော်လှန်ရေးသစ္စာဖြင့် -

Evergreen

Wednesday, December 23, 2009

စိမ်းလန်းစိုပြေ ရခိုင်ပြည်က ကြိုဆိုပါရေ


“အလည်လာရောက်သူအပေါင်း ရွှင်လန်းချမ်းမြေ့ပါဇီ”
နှစ်ပေါင်း (၅၀၀၀)ကျော် ရှည်လျားခရေ အကျွန်ရို့  ရခိုင်နိုင်ဂံတော်၏ လှပခိုင်ခံ့ရေ သမိုင်းကြောင်းနန့် အတူ စိမ်းလန်းစိုပြေရေ ရိုးမတောင် တန်းကြီးက ကျောက်ထရံကြီးတချပ်ပိုင် အရှိဖက်မှာ တောင်တန်းကြီးငယ်နန့်  ကာရံထားရေ။ သစ်တောတိ ၀ါးတောတိကလေ့ မကန်ပါ။
အနောက်ဖက်မှာ ညိုညိုပြာပြာ ဘင်္ဂလားပင်လယ်ပြင်ကြီးကလေ့ ပြည်သူအပေါင်းအတွက် သားငါးတိကို ထုတ်ပီးပြီး ရှုမ၀နိုင်စရာ သဘာဝ ရှုးခင်းတိက ရခိုင်ပြည်ကြီးကို အလှဆင်ထားပါရေ။ ဂစ္ဆပ ၊ အဉ္စန ၊ မေယု နန့်  နတ်မြစ်ရို့ က လူခန္ဓာကိုယ်၏ သွီးကြောများပိုင် စီးဆင်းနီပါရေ။
ဓည၀တီ ၊ ဝေသာလီ ၊ ရမ္မာဝတီနန့်  မေဃ၀တီ လေးရပ်ဝတီရို့ နန့် အလှကြီးလှပတင့်တယ်နီရေ ရခိုင်ပြည်ကြီးကို စိမ်းလန်းစိုပြေအောင် တည်ဆောက်ဂတ်ဖို့  ရခိုင်သူ ရခိုသားအပေါင်းကို ဖိတ်ခေါ်လိုက်ပါရေ။